ချစ်သဲပို မမအခန်းထဲက ပြေးထွက်လာပြီး ငိုနေတဲ့သမီးလေးကိုကောက်ချီလိုက်ပါသည်
" သမီးလေးရေ.... မား လာပြီနော် မငိုနဲ့တော့နော်"
" အီး...ဟီး... ဟီး.... မား.... မား.... အဟင့်.... 😢"
" အေးပါ.... အေးပါ.... သမီးလေးရယ်....
မား.... ရောက်ပြီနော်..... မငိုနဲ့တော့နော်
တိတ်..... တိတ်.... တိတ်ပါ သမီးလေးရယ်...နော်"သူ့ညီမလေးငိုနေတာကို ကြည့်ပြီး
ခြူးရတီကပါ လိုက်ငိုနေတော့သည်လဝန်းအက္ခရာ ရောက်လာတော့....
" ဟယ်.... မီးမီးလေး မျက်နှာက ဘယ်လိုဖြစ်....
မျက်ရည်တွေ စီးကျလို့ပါလား...
လာပါဦး မာမား.... ဆီကို....."" မာ မား...."
" အွန်း... မီးမီးလေး ပြော...."
လဝန်းအက္ခရာ မီးမီးလေးကို ကောက်ချီလိုက်ပြီး
မျက်ရည်လေးတွေ သုတ်ပေးလို့ ပါးလေးကို
ကြင်နာစွာ နမ်းလိုက်သည်"" မာ...မား.... မီးမီးကလေး မီးမီးကလေ
မာမား သိလား....?
ဘာလို့လဲသိဘူး ဘေဘီလေးငိုရင်
ဒီနေရာက နာတယ်"မီးမီးလေးက လဝန်းရဲ့ မျက်နှာလေးကို
မော့ကြည့်ကာ သူ့ရင်ဘတ်ကလေးကို
သူ့လက်ကလေးနဲ့ ဖိပြလေသည်" သြော်.....
မီးမီးလေးရယ်.....
ညီမလေးငိုတာကို မီးမီးလေးက
ရင်နာရတယ်ပေါ့"
ကဲ ကဲ... ညီမလေးလည်း တိတ်သွားပြီ
မီးမီးလေး မငိုနဲ့တော့နော်" ဟုတ်ကဲ့ မာ မား"
လဝန်း မီးမီးလေးကို ချီထားရာက
အောက်ကိုချလိုက်ပြီး" သမီးလေး အငိုတိတ်သွားပြီလား...
လာပါဦး မာမားဆီကိုလဝန်း သဲ လက်ထဲက သမီးငယ်လေးကို
လှမ်းချီလိုက်သည်" မာ မား.....
" ဟင် သမီးလေး.... ချစ်စရာလေး
ငိုထားတာ ကြည့်ပါဦး မျက်လုံးလေးကို ရဲလို့လဝန်း ပြောရင်းနဲ့ သမီးလေးကို နမ်းလိုက်သည်
" အင်း သမီးလေးက မွှေးနေတာပဲ
ချစ်စရာလေး ချစ်စရာလေး သမီးလေးရေ..." မာ မား... မီး.... ချစ်.... မာမားကို မီး... ချစ်တယ်"
" Wow... မာမားကို ချစ်တယ်လို့ ပြောလိုက်တာလား
ထပ်ပြောပါဦး.... သမီးလေးရေ.... မီးလေးရေ...
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#