အပိုင်း ၇
"အခုတလော ကိုယ် ခင့်ကို အရမ်းသတိရနေခဲ့တာ ဟိုဘက်က အလုပ်တွေမဖြတ်နိုင်ခဲ့လို့သာ"
ခြံထဲဝယ်နှစ်ယောက်သားလမ်းလျှောက်နေရင်း တစ်ဖက်ကအမျိုးသားထံမှ ချစ်စကားတို့က ထွက်ပေါ်လာပေမယ့်
ထိုစကားတွေက နန်းအပေါ်မသက်ရောက်လေတော့အခက်သား..."အဟင်း....နန်းကတော့ကျောင်းမှာအလုပ်ရှုပ်နေလေတော့ ဘာမှတွေးနေချိန်ကိုမရှိဘူးကွယ် ကိုဇောင်းရော အလုပ်တွေ့အဆင်ပြေရဲ့လား"
ထိုစကားတို့ကို နန်းရဲ့ကိုယ်စောင့်နတ်ဟာ လှောင်ပြောင်နေတော့မှာအမှန်ပင်...ညတိုင်းလူတစ်ယောက်အကြောင်းတွေးနေမိတာ ကိုယ့်ကိုယ်ကိုယ် သာ အသိဆုံး...
"ဒါပေါ့ ခငျတို့လျို တက္ကသိုလ်ကျောင်းသူတွေက စာတွေများတော့အလုပ်ရှုပ်တာပေါ့ ဒါနဲ့ ညကျရင် ခင့်ဖေဖေက ပါတီလုပ်မယ်ပြောတယ် ခင်ရော သိပြီးပြီလား"
"အွန်း...ဒါကြောင့်ခုန စျေးချိုထဲအပ်ထားတဲ့ ဒီဇိုင်နာဆီက အထည်ယူပြန်လာတာ "
"ဒါဆို ညကျ ကိုယ့်ပါတနာ လုပ်ပေးနိုင်မလား "
"အဟင်း...ကျွန်မက ကိုဇောင်းနဲ့မတွဲလို့ ဘယ်သူနဲ့တွဲရမှာလဲရှင်"
မဟာဆန်တဲ့အပြုံးနဲ့ကျက်သရေရှိလှတဲ့ အရှေ့မှ မိန်းကလေးဟာ ဇောင်းရဲ့အသက်တို့မှီဝဲရာ အသက်ရှူပေါက်လိုပင်..ဒီမိန်းကလေးနဲ့စေ့စပ်ရဖို့ သူ့မှာ နေ့နေ့ည ည အလုပ်တွေကြိုးစား ပြီး ငယ်ငယ်တုန်းကတည်းက မရောက်ခဲ့ဖူးတဲ့ဘုရားစင်ရှေ့မှာ နေ့ညမပြတ် ဆုတောင်းခဲ့ရတာ ဇောင်းအသိဆုံး...
ဒီမိန်းကလေးသည်သာ သူ့ဘဝ...ရှင်သန်ရာအစကိုလည်း ဒီမိန်းကလေးနဲ့ပြစတင်ချင်သလို အဆုံးသတ်ရာနေ့ရက်ကျရင်လည်း ဤမိန်းကလေးနဲ့သာအဆုံးသတ်ရပါလို၏ ဟု ညစဥ်တောင်းတဲ့ဆုတောင်းဟာ ထိုမိန်းကလေးကိုစတွေ့တဲ့နေ့ရက်ကတည်းက ဖြစ်ပေါ်လာခဲ့တာ...
ဒါကြောင့် သူမကို သူ့အပိုင် သူ့ဘဝရဲ့လက်တွဲဖော်သာ ဖြစ်စေချင်ခဲ့ပြီး တစ်ခြားသူနောက်မပါဖို့ရေး သူမရဲ့အချစ်ကို ရဖို့ရေး ကြိုးစားနေဆဲ....
YOU ARE READING
ခမ်း