Title 19(U +Z)

1.1K 131 7
                                    

အပိုင်း ၁၉

မိုးရဲ့ခေါင်းတွေဟာ ချာချာလည်ပြီး အတွေးတို့ဟာလည်း တောင်စဥ်ရေမရ..အရုပ်ကြိုးပြတ် လဲကျသွားတဲ့ မိုးဆီကို မိသာစုဝင်အကုန်လုံးက ဂရုတစိုက်နှင့် နေမကောင်းဖြစ်နေသလား သမားတော်ပင့်ရမည်လားဟူ၍ အလုပ်ရှုပ်နေကြသည်။

မိုးကတော့ အားနည်း၍ မူးသွားသည်ဟုဆိုပြီး အခန်းဆီပြန်၍နားတော့သည်။ အဆက်အစပ်မရှိ၍ မိုးဟာ ဤနေရာသို့ရောက်လာသည်မဟုတ်...ဒီခန္ဓာပိုင်ရှင် ခမ်းဟာ မိုးအဘွား၏တူမ..အခုမှအရင်ကဘွားနှင့်စကားပြောခဲ့သည့်အကြောင်းတို့ဟာ ကွက်ကွက်ကွင်းကွင်းပြန်လည်မြင်ယောင်လာသည်။

အောက်ထပ်က ဒေါ်ဒေါ်ဟာ ခမ်း၏တူမဖြစ်လျှင် ဒေါ်ဒေါ်၏သား ဂန္တဝင်မောင်သည် မိုး၏အဖေဖြစ်သည်။ ထို့ကြောင့် မိုးနှင့် ခမ်း၏တော်စပ်မှုသည် အဒေါ်နှင့်တူမဖြစ်ပေမယ့် ဘာကြောင့်မိုးသည် အဒေါ်၏ နေရာတွင်အစားဝင်ရောက်နေပါသနည်း..

မမနန်းနှင့်နီးစပ်အောင်ဖန်တီးဖို့ ဒီနေရာကိုပို့မယ်ဆိုလျှင်လည်း
မိုးဟာ ဒီလိုနီးစပ်ဖို့လုပ်ဆောင်နိုင်မည်ဆိုတာကို သူ (ခမ်း)ကဘယ်လို အတိတ်ကနေတပ်အပ်သိနေပါမည်နည်း..အရမ်းပဟေဠိဆန်လွန်းလှသည်။

နောက်ဆုံးတစ်ချက်...မိုးအတွက် တုန်လှုပ်စရာကောင်းလောက်အောင်မှတ်မိနေသည့်မှတ်ညဏ်က ခန့်ခမ်းနွန်သည် အသက် ၂၃ တွင် သေဆုံးရမည်ဖြစ်ပြီး တစ်ချိန်ထဲမှာဆိုသလို အပါးသည်လည်း........အား! !!!!.... တကယ်မတွေးချင်တော့ဘူး..

မိုးဟာအခုဆို အသက် ၂၁ ပြည့်တော့မည်ဖြစ်ပြီး နောက်ထပ်အချိန်နှစ်နှစ်ကို ဘယ်လိုအင်အားနှင့် ကံကြမ္မာပြောင်းလဲသွားအောင်ရင်ဆိုင်ရမည်နည်း။...

အကယ်၍များ ကံကြမ္မာသည် မပြောင်းလဲခဲ့ပဲ မမနန်းနဲ့သာဝေးခဲ့ရမည်ဆိုလျှင်တောင် မမနန်း၏အသက်ကိုတော့ဆွဲဆန့်နိုင်ခွင့်လေးတော့ရချင်မိသည်။

...
ဤသို့ဖြင့် ကလောတွင် ဒီဇင်ဘာပိတ်ရက်နေခဲ့ရပြီးနောက် မန္တလေးသို့ပြန်ရောက်လာခဲ့သည်။ မမနန်းနှင့်ကတော့ ခြံထဲလာလည်သွားပြီးတဲ့နေ့ကတည်းက မတွေ့ရတော့တာ အခုပြန်ရောက်သည့်အထိပင်ဖြစ်သည်။

ခမ်းWhere stories live. Discover now