Title 12 (U +Z)

1.2K 132 16
                                    

အပိုင်း ၁၂

နန်းရဲ့စိတ်အခြေအနေတို့ဟာ အခုတလော သိပ်အဆင်မပြေတော့ရဲ့..ကျောင်းကိုလည်းသွားချင်စိတ်ဟူ၍မရှိပါ....အကယ်၍များ ထိုတစ်ယောက်ဟာ ကျောင်းမှာများ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်အား ဖြန့်လိုက်ပါက နန်းမှာပြစရာမျက်နှာမရှိတော့ပါ..

ထိုလောက်ထိ တွေးထားပေမယ့် အဲ့ဒီလောက်ထိလုပ်မယ်လို့တော့ နန်းမထင်ပါ..ပြောလို့တော့မရပါလေ..လူဆိုတာ အပေါ်ယံအရေခွံပဲမြင်ရတဲ့သတ္တဝါကိုး..

သို့ပေမယ့် အိမ်ထိလိုက်လာ၍ ဘဘအား မလိမ့်တပတ်ဖြင့်
နန်းအားတောင်းပန်ရန်လိုက်ခဲ့ပေးဖို့ပြောလေတော့ နန်းလည်း ဘာတွေများသူ့ဘက်ကအကြောင်းပြမလဲသိချင်တာကြောင့်
လိုက်ပါသွားခဲ့လေသည်။

ဟိုရောက်ပြန်တော့လည်း စကားလုံးကြမ်းကြမ်းဖြင့်သာ ပြောဖြစ်သည်။ မိန်းကလေးတစ်ယောက်ရဲ့အရှက်ကို စော်ကားသွားတဲ့လုပ်ရပ်မို့ နန်းဒီလောက်ထိတော့ လုပ်သင့်တယ်မလား..

ဇွတ်တရွတ်ဆန်ကာ နန်းအား ကိုယ်ထိလက်ရောက် တောင်းပန်မည်ဟုထင်ခဲ့သော်လည်း နန်းစကားတစ်ခွန်းဖြင့် နန်းရှေ့မှ ကွယ်ပျောက်သွားတော့မည် ဟု ပြောလာသောကြောင့် နန်းရင်ထဲလစ်ဟာသွားခဲ့လေသည်။

ကျောခိုင်းသွားသောသူ့ရဲ့ကျောပြင်နောက်ဝယ် နန်းရဲ့ရင်ထဲမယ် လှစ်ဟာလို့သွားသောအရာတစ်ခု..အမှန်ဆို ထိုသို့ပြုလုပ်သင့်သည်မလား..သို့ပေမယ့်လည်း  ဆို့တက်လာသော ဝမ်းနည်းမှုဟာအဘယ်အဓိပ္ပါယ်ကိုဆောင်ပါသနည်း...

"ခဏ "

နန်းစိတ်ထဲမခိုင်းစေသော်လည်း နှုတ်မှထွက်သွားသော ဟန့်တားသံ..လှည့်ကြည့်လာတဲ့သူ့ရဲ့မျက်ဝန်းမှာ... အို...ဝမ်းနည်မှုတွေရော..မျက်ရည်တွေရော..နာလိုက်တာ ရင်ဘတ်ထဲက..သူ့မျက်ရည်တွေမြင်နေရတာ နန်းအတွက် စိတ်မချမ်းမြေ့စရာ...

"မမနန်း ဘာတောင်းဆိုချင်သေးလို့လဲဟင် "

ဝမ်းနည်းနေတာတောင် နန်းရဲ့ဆန္ဒကိုသူမေးနေသည်။ ထွက်မသွားချင်တာတောင် နန်းရဲ့တစ်ခွန်းကြောင့် သူ့ရင်အကွဲခံကာထွက်သွားမည့်ပုံ...

ခမ်းWhere stories live. Discover now