အပိုင်း ၂၇
နန်း ရင်ကိုအစိမ်းလိုက်ခွဲလိုက်လေသလား မောင်ရယ် ...ရင်ဘတ်ပေါ် မောင်ပေးတဲ့စာလေးအား အသာပိုက်ကာ နန်း၏မျက်ရည်တို့က တားဆီး၍မရအောင် ဝေခဲ့လေပြီ..မည်မျှပင် ဝေးရမည်ကိုကြိုသိထားခဲ့လည်း တကယ်တမ်းဝေးရတော့မည်ဆိုတော့ နန်းရင်ထဲ အစိမ်းလိုက် သွေးရှင်ရှင် ကျသလိုပင်....
မြိုင်တို့မှာ နှစ်သိမ့်သောအားဖြင့် ထွေးပွေ့သော်လည်း အပူမီးတို့ဟာလှိုက်၍တက်လာခဲ့သည်။ မောင့်လက်ရေးဝိုင်းဝိုင်းတို့ဟာ နန်းတို့ရဲ့ ဆက်ဆံရေးအတွက် ေနာက်ဆုံးဆိုတာ သိလိုက်ရတဲ့အသိဟာ
နန်းနှလုံးသားတို့ကိုတင်းကျပ်ဆို့နစ်စေ၏..ခင်ထူးတို့မှာလည်း ဤကဲ့သို့ဖြစ်မည်ဆိုး၍ အတန်တန်တားခဲ့ကြသော်လည်း ရှေ့ဆက်တိုးခဲ့သော ဒီနှစ်ယောက်အားအပြစ်မဆိုရက်တဲ့အပြင် သနားလည်းသနားသည်။ သူမတို့နှစ်ယောက်လည်း ကိုယ်တတ်နိုင်သလောက်ကူညီခဲ့ပြီးပြီမို့ မည်သည့်အရာတို့မှမတတ်နိုင်တော့သည့် ဤအခြေအနေတွင်ဘာဆက်လုပ်ပေးရမည် မသိတော့ပါ..အကယ်၍များ သူမတို့လုပ်နိုင်ခဲ့သည့်အရာများရှိလျှင်တော့လုပ်ပေးဖို့ဝန်လေးမိမည်မထင်ပါ..
...
မဂ်လာပွဲနေ့...လူကြီးလူကောင်း များ၏မဂ်လာပွဲဟုအမည်ခံထိုက်သော ထိုမဂ်လာပွဲသည် တန်ဖိုးအကြီးဆုံး..အမြတ်ဆုံး ဂုဏ်အတင့်ဆုံးသောအရာများဖြင့်သာ စီစဥ်ထားသောကြောင့် ခန်းမတစ်ခုလုံးတောင်ပြောင်လင်းလက်နေကြသည်။ သတို့သား ဇောင်းမှာလည်း သူအမြတ်နိုးဆုံးသောမိန်းကလေးအား ပိုင်ဆိုင်ရတော့မည်ဖြစ်တာကြောင့် အပြုံးတို့ဟာရပ်တန့်၍မရပါ..နှစ်ဖက်သောမိဘများမှာလည်း လာသမျှဧည့်သည့်တို့အား အပြုံးပန်းများဝေဆာ၍ လှုိက်လှိုက်လှဲလှဲ
ဆီးကြိုခေါ်ယူကြသည်။သို့သော် မျက်စိကျိန်း၍ မျက်နှာမလွဲနိုင်အောင်လှပလွန်းသောသတို့သမီး၏မျက်နှာတွင်တော့အပြုံးဟူ၍မရှိပါ...
စိန်ထည်စိန်ပွင့်စီချယ်ထားသော ရင်ဖုံး တန်ဖိုးကြီးပိုးထည်ပိုးမျှက်တို့ကို ရက်အတန်အကြာ ရက်လုပ်ထားသောထိုင်မသိမ်း တို့မှာသူမ၏အလှအပတို့နှင့်ပေါင်းစပ်လိုက်တော့ မြင်သူတို့မျက်စိမလွဲနိုင်ကြပေ..
YOU ARE READING
ခမ်း