အပိုင်း ၁၃
ဤနေ့တွင် မိုးတစ်ယောက်တက်ကြွတဲ့ကြက်ဖကြီးအသွင်ဖြင့် မိုးလင်းကတည်းက မှန်ကြည့်ရတာအခါခါ...ကြီးကြီးနဲ့ အဘတို့ကတောင် ဘာပျော်စရာရှိလို့လဲဟု တသွင်သွင်မေးယူရသည်အထိ မိုးဟာလန်းဆန်းတက်ကြွနေလေသည်။
"ငါတို့နှစ်ယောက်တော့ များမကြာမီ နှစ်ယောက်ထဲကမ္ဘာတည်ရတော့မယ်ထင်တယ် ခန့်နိုင်ရေ "
"ဟုတ်ပ့ တို့နှစ်ယောက်လည်း အချိနိမနှောင်းခင် ရည်ရွယ်သူလေးကိုယ်စီရှာကြရအောင်ဟေ့ "
မိုးဘေးနှစ်ဖက်စီမှ တစ်ယောက်တစ်ပေါက်ဖြင်ျ့အာ်နေသော
ထိုနှစ်ယောက်အား လျစ်လျူရှုထားလိုက်သည်။ အတန်းပြီးတာနဲ့ မမနန်းဆီသွားဖို့ပြောတာကို မျက်စောင်းတထိုးထိုးဖြင့် မကျေမချမ်းလိုက်လာခဲ့သော သူတို့မှာ မိုးကိုမနာလိုနေကြတာ..."ရှာကြပေါ့ တစ်ယောက်တစ်တွဲစီဆိုတော့ အထီးမကျန်တော့ဘူးလေ "
"အင်းပေါ့လေ မင်းဟာအခုချိန်မှာ အောင်နိုင်သူဆိုတော့ ပြောရက်တာပေါ့ကွာ တို့နှစ်ယောက်မှာတော့ ရှာဖွေနေကြတုန်းဆိုတော့"
"ဘာရှာစရာလိုလို့လဲ ထင်ရှားရ မင်းတို့ကြိုက်တဲ့ကောင်မလေးတွေ့ရင်လိုက်ပေါ့"
"ဒီမှာခမ်း.... သမီးရည်းစားထားတယ်ဆိုတာ တွေ့တဲ့မိန်းကလေးတိုင်း မြင်တာလှတိုင်း ရည်းစားစာပေးလို့မရဘူးကွ ကိုယ်ကြိုက်ရင် အဲ့ဒီမိန်းကလေးဟာ ရုပ်လေးပဲလှထားလား စိတ်ထားရောလှသလား စောင့်ကြည့်ရအုန်းမယ် ဒါ့အပြင် ကိုယ်ဟာဒီမိန်းကလေးနဲ့တစ်ဘဝလုံး ပေါင်းဖက်နိုင်မလားဆိုတာလည်း တွေးတောရအုန်းမယ်လေ"
ထင်ရှားစကားကို ခန့်နိုင်က ထောက်ခံဟန်ဖြင့် ခေါင်းငြိမ့်ပြသည်။
""တကယ်လို့မကြိုက်ရင်လမ်းခွဲလိုက်ပြီးနောက်တစ်ယောက်ရှာလိုက်လေ "
"အို....ဘယ်နှဲ့ပြောလိုက်တာတုန်း ခမ်းရ...မိန်းမကောင်းတစ်ပွင့်ပန်ဆိုတဲ့ စကားပုံကိုဘယ်နားထားမတုန်း အဲ့သလိုပဲ တို့တွေယောကျာ်းသားတွေဟာလည်း မိန်းကလေးတွေခဏတိုင်းပြောင်းနေရင်ဖြင့်
လမ်းခွဲခံရတဲ့မိန်းကလေးခဗျာ အရှက်သိက္ခာဘယ်နားသွားထားမလဲ.. "
YOU ARE READING
ခမ်း