Title 24 (U +Z)

1.2K 127 8
                                    

အပိုင်း ၂၄

နွေရာသီတို့ကုန်ဆုံးပြီးနောက် မိုးရာသီတို့အစပြုရာဝယ် မိုးဖွားဖွားတို့က စတင်ကျရောက်လာသည်။ ဒီနှစ်ကုန်လျှင် မမနန်းဟာ စာသင်နှစ်ပြီးလို့ ဘွဲ့ယူရတော့မည်။ ထို့အတူ မိုးဟာလည်း တတိယနှစ်သို့တက်လှမ်းရတော့မည်။ ဒီအတောအတွင်း မိုးနှင့်မမနန်း၏အချစ်ရေးဟာ မည်သည့်အဖုအထစ်မှမရှိဘဲဖြောင့်တန်းနေခဲ့သည်။ နေ့ဘက်အားလပ်ချိန်မှာ နှစ်ယောက်တွေ့သည့်အခါ မမနန်းရေးထားသည့်စာများဖတ်တဲ့အချိန်ရှိသလို စာပေအကြောင်း စာအုပ်အကြောင်းဆွေးနွေးရင်းအချိန်ကုန်ကျသည်က များသည်။

သာမန်ချစ်သူရည်စားသဘာဝ တီတီတာတာတွေပြောပေမယ့်လည်း ရှားသည်။ မိုးသည်လည်း စာအုပ်သည်သာ ဘဝ သမားမို့ မိုးတို့လိုစာအုပ်သမားနှစ်ယောက်ချစ်သူဖြစ်လေတော့ စာရေးဆရာ တွေအကြောင်း စာအုပ်တွေအကြောင်းသာ ဝေဖန်ရေးနဲ့လေကန်ရေးဖြစ်လာလေသည် ။

တစ်ခါတစ်ရံ အပြင်ထွက် ဒိတ်ပေမယ့်လည်း စာအုပ်တန်းသွားရင်သွား မသွားရင်  ကုက္ကိုလ်တန်း ဒီနှစ်ခုသာသွားတတ်သည့် မိုးတို့နှစ်ယောက်အဖို့ အပြင်ထွက်တယ်ဆိုတာ ချစ်သူသက်တမ်းကြာလာသည်နှင့်အညီနည်းလာခဲ့သည်။ နှစ်ဖက်အိမ်ကလူတွေကြောင့်လည်းပါသည်။

သို့ပေမယ့်လည်း ကြာလေကြာလေ အချစ်မှာပိုပြီးနစ်မွန်းလာခဲ့တာ မိုးတို့နှစ်ယောက်လုံးပင်..ပိတ်ရက်တွေမှာမတွေ့ရသည့်အခါ တနလာ်နေ့သည် မိုးတို့နှစ်ယောက်လုံးအတွက် ပျော်ရွှင်ရဆုံးနေ့ရက်တွေထဲကတစ်ခု..

အခုတော့ဖြင့် မိုး၏မကြာခင်ကျရောက်လာတော့မည့် ၂၂နှစ်ပြည့်မွေးနေ့အတွက် ရှမ်းပြည်မှ ဖွားဖွားတို့နှင့် ဒေါ်လေးတို့ရောက်လာကြသည့်အတွက် ကျောင်းတော့ခဏနားထားရသည်။ ဖွားတို့ကိုမန်းလေးအလည်ပို့ရတာရော အိမ်မှာဧည့်ခံနေတာရောနှင့် ကျောင်းမသွားရတာ နှစ်ရက်ရှိလေပြိီ...

ချစ်ရသူလေးကိုမတွေ့ရလို့လွမ်းနာကျပေမယ့်လည်း ကိုယ့်မိသားစု တွေရောက်နေတော့လည်း ဘယ်တတ်နိုင်မလဲ..အထူးသဖြင့် ဒေါ်လေး၏သား (မိုး၏ဖေဖေ) လေးလည်းပါလာတာကြောင့်
နောင်တစ်ချိန်အဖေဖြစ်မည့်သူက တီလေး တီလေးနဲ့ပါးစပ်ကမချတော့ မိုးမှာမနေတတ်ဖြစ်ရသည်။

ခမ်းWhere stories live. Discover now