၁၈
မမနန်းကိုတွေ့ရ၍ပျော်သည့်အပျော်ဟာ ဘေးနားမှာတည်ရှိနေသည့်အမျိုးသားကြောင့်ပျောက်ကွယ်လုဆဲဆဲ...ပါးပါးနဲ့ အန်တီကြီးဟာ ငယ်ကသိခဲ့သော မိတ်ဆွေတွေမို့ စကားတွေရေပက်မဝင်ပြောနေကြပေမယ့် မိုးတို့သုံးယောက်ဟာတော့ မြက်ခင်းပြင်ပေါ်ထိုင်ရင်း ဘာစကားမှမဆိုမိ..
အလယ်တွင်ထိုင်နေသောမမနန်းဟာ ဘေးနားမှာရှိသော လူနှစ်ယောက်၏အသက်တို့ကိန်းဝပ်ရာဌာနလေးပင်ဖြစ်သည်။ မိုးသည်လည်း အသက်ထက်မကချစ်မြတ်နိုးမိသလို ဘေးနားမှအမျိုးသား
၏မျက်ဝန်းထဲမှလည်း အချစ်တို့ဟာ မြတ်နိုးမှုများပြည့်လျှံလို့နေလေသည်။"တို့လည်း မိတ်ဆက်ပေးမယ် မိတ်ဆက်ပေးမယ်နဲ့ မေ့နေတာအတော်ကြာပြီကွယ် အခုမှပဲအစ်ကိုနဲ့ ခမ်းကိုမိတ်ဆက်ပေးနိုင်တော့တယ် "
မမနန်းမှအစပြုလိုက်သောစကားဝိုင်းလေး...
"ခင့်မှာ ဒီလိုမျိုးချောမောခန့်ညားတဲ့သူငယ်ချင်းရှိတာအခုမှသိရတယ်ဗျာ အဟုတ်ဆိုရရင် ခမ်းကမိန်းကလေးသာဆိုတယ် ယောကျာ်းလေးတစ်ယောက်လိုပဲချောမောသဗျ "
လှောင်ပြောင်ခြင်းမရှိ ပကတိဖြူစင်စွာပြောဆိုလာသော ထိုအမျိုးသားအား ရဲ့ရဲ့လေးသာပြုံးပြနိုင်သည့် မိုး....
ဤကဲ့သို့ခေတ်အနေအထားမှာတောင် မိုးတို့ရဲ့ဖြစ်တည်မှုအပေါ်စာနာနားလည်ပေးနိုင်သည့် ထိုအမျိုးသားဟာ ယောကျာ်းကောင်းတစ်ယောက်ဆိုတာတော့မမှား...သို့ပေမယ့်လည်း မိုးရဲ့စိတ်ထဲမှာ မမနန်းရဲ့ပိုင်ဆိုင်သူနေရာတွင် မိုးဖြစ်ချင်သည်။
ခန့်ခမ်းနွမ်မဟုတ်လျှင်တောင်မှ ဂန္တဝင်မိုး၏အပိုင်ဖြစ်ချင်မိသည်။ရလေ လိုလေ ဟူသောလူ၏သဘာဝအရ မမနန်းနဲ့ချစ်သူမဖြစ်ခင်တုန်းက မဖြစ်ပေါ်ခဲ့သည့်မတ္တများဟာ အခုများတော့ လက်မလွှတ်ချင်နိုင်လောက်အောင်ဖြစ်မိသည်အထိ မမနန်းအပေါ် စွဲလမ်းလို့နေခဲ့ပြီ...၂၁ရာစုကိုပြန်မရောက်ချင်နေပါ..မိုးသည်လည်း မယ့်ကရာကေ့ဒ်လို ကိုယ့်ချစ်သူအတွက် လက်ရှိဘဝကိုပါအဆုံးရှုံးခံပြီး ဒီခေတ်မှာပဲနေချင်လိုက်တော့သည်။
YOU ARE READING
ခမ်း