အပိုင်း ၂၁
မနက်ခင်းစောစောတွင် စိတ်တို့ကြည်လင်လန်းဆန်းခဲ့ပါသည်။ သို့သော် နားထဲသို့ မတိုးမကျယ်ပြန့်နှံ့လာတဲ့ သတင်းစကားသံအဆုံး မိုး၏စိတ်တို့ဟာ နောက်ကျိသွားလေသည်။
အတန်းထဲရှိ သူငယ်ချင်းနှစ်ဦးမှာလည်း မိုး၏အရိပ်အခြေကိုအကဲဖြတ်တတ်စွာဖြင့် မည်သည့်စကားသံတို့မှ မဟပါ...ပုံမှန်ချိန်ဆိုချစ်ရသူလေးဆီသွားရမယ့်အချိန်ရောက်ပေမယ့် တက်ကြွသော ခြေလှမ်းတို့ နှင့်ဆန့်ကျင်စွာ လေးတိလေးကန် ရောက်လာသော မိုးဟာ ဟန်ဆောင်နိုင်စွမ်းတကယ်ပင်ညံ့ပါသည်။
ဒါကြောင့်လည်း မမနန်းဟာ မိုး၏လက်နှစ်ဖက်အား ဆုပ်ကိုင်၍
လက်မဖြင့် ပွတ်သပ်ကာနှစ်သိမ့်ပေးသည်။"တစ်ချို့သောအရာတွေက အမှန်တရားဆိုပေမယ့်လည်း တို့ရင်ထဲမှာရှိတဲ့နှလုံးသားရဲ့သဘောထားကို မင်းအသိဆုံးဖြစ်မှာပါ တို့လည်း အတတ်နိုင်ဆုံး ကြိုးစားကြည့်ပေးပါ့မယ်ကွယ် "
ဆက်လက်၍မည်သည့်စကားသံမှထပ်၍ထွက်မလာတော့ပေမယ့်
နှစ်ဦးလုံး၏စိတ်အတွင်းပိုင်းထဲမှာတော့ စကားသံတွေဆူညံနေခဲ့သည်။ မမနန်း၏အသိုင်းအဝိုင်းဟာ မိုးထင်ထားတာထက် ပလက်ခံဖို့ပို၍ခက်ခဲမည်ဆိုတာ နှစ်ဦးလုံးအသိ..မိုးရဲ့ပါးပါးဟာ
မိုး၏ဖြစ်တည်မှုကိုလက်ခံပေးမည်ဆိုတာသေချာပေမယ့်လည်း
ဤခေတ် ဤအခြေအနေ များတွင် မိုးတို့နှစ်ယောက်ပေါင်းစပ်ဖို့ဆိုတာ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်..ခပ်တိုးတိုးသက်ပြင်းချသံရဲ့နောက်မှာ ရင်ထဲကအစိုင်အခဲတွေအပူတွေလည်း ပါသွားခဲ့ရင် အကောင်းသား............
မတ်လရဲ့နောက်ဆုံးပတ်နားရောက်လာသည်မို့ မကြာခင် ဧပြီလ၏ သကြ်န်အခါလည်း ရောက်တော့မှာမို့ ကျောင်းသားကျောင်းသူများလည်း အထူးသလည် စိတ်လှုပ်ရှားနေကြသည်။ မတ်လကုန်အထိသာတက်ရတော့မည့် ကျောင်း ကြောင့် သကြ်န်နေ့တွင် ဘယ်နေရာ မှာဆုံကြမယ်ဘယ်သွားကြမယ်နဲ့တိုင်ပင်နေကြသည်မှာ ဟိုတစ်အုပ်စု ဒီတစ်အုပ်စု...။ထိုထဲတွင် မိုးတို့လည်း ပါဝင်သည်။"အကြတ်နေ့ မင်းအိမ်လာခဲ့မယ် ခမ်း အဲ့ဒီကနေမှတို့တွေရေပက်ခံထွက်ကြမယ် "
YOU ARE READING
ခမ်း