အချပ်ပို..
ခန့်ခမ်းနွမ် ဆုံးပါးပြီး သုံးနှစ်အကြာ. ....
ခန့်နိုင်နှင့် ခင်ခင်ထူး ထင်ရှားနှင့် မြိုင်တို့သည် ေရှ့ဆင့်နောက်ဆင့် အိမ်ထောင်ကျကုန်၏...နှစ်ဖက်လုံး သူငယ်ချင်းတော်နေသော နန်းမှာ မဂ်လာပွဲသို့ သွားရောက်ရလေသည်။ မဂ်လာဟူသည်မှာ ပျော်ရွှင်ဖွယ်ကောင်းဖွယ် ကုသိုလ်ယူဖွယ်ကောင်းသော်လည်း တစ်စုံတစ်ဦးပျောက်ကွယ်သွားခြင်းက နန်းအတွက်တော့ မည်သည့်အချိန်မှ
မဂ်လာဖြစ်မနေခဲ့ပါ..အထူးသဖြင့် သတို့သားနှစ်ဦးဆုံ၍မတ်တပ်ရပ်သောအခါ နန်းမှာ မျက်ရည်တို့ကိုတားဆီး၍မရ...မောင်ရယ်..မင်းကသာ စိတ်ချလက်ချပျော်နေပါလို့ထားသွားနိုင်ခဲ့တာ..ကျန်ရစ်သူ ကျွန်မမှာဖြင့် သေလုမြောပါးနီးရယ်...
ညတိုင်း နှလုံးသားကတောင်းတတဲ့သူမရှိလေတော့ အောင့်သက်သက်နှင့်...ကြာလေတော့ တို့မှာလည်းနှလုံးရောဂါအစပျိုးနေပြီတဲ့...ဘယ်လိုလုပ်ရပါ့...လွမ်းတိုင်းရေးဖြစ်တဲ့စာတွေမှာလည်း မင်းအကြောင်းချည်းပဲကွယ်...
အချိန်ကြာလာတော့ ဇောင်းလည်းရိပ်မိနေပြီ..သူသိသွားတော့
တို့ကို စိတ်မဆိုးတဲ့အပြင် ထပ်တလဲလဲတောင်းပန်ရှာရဲ့...မေမေတို့ဆန္ဒနဲ့ မွေးဖွားလိုက်ရတဲ့သားလေးကို ဇောင်းခမ်းနွမ် လို့ပေးတော့
ဖေဖေတို့ကမျက်ထောင့်နီကြီးနဲ့ကြည့်ခဲ့တာ မောင်သိလား...
သို့ပေမယ့် ကိုဇောင်းက အဲ့နာမည်လေးကိုသူသဘောကျပါရဲ့တဲ့..
ဆိုတဲ့စကားတစ်ခွန်းနဲ့ဖေဖေတို့ကခွင့်ပြုပေးခဲ့ချည်ရဲ့...မောင့်သူငယ်ချင်းတွေလည်း တို့စိတ်သိလို့ထင်ရဲ့..မျက်နှာလေးတွေမကောင်း..ပြန်တွေးမိတိုင်းမှာ ဘယ်သူ့အမှားရယ်လို့ တို့တွေးမနေတော့ပဲ ဒီဘဝကိုသာမြန်မြန်ကုန်ဆုံးသွားချင်ပြီး မောင်နဲ့သာမြန်မြန်ဆုံဆည်းရချင်ပြီ မောင်ရယ်...
....
"မေမေ ဒီမှာကြည့် သားသားကိုဦးပေါကလုပ်ပေးထားတာ...မေမေ...မေမေ...... "ဇောင်းခမ်းနွမ် လေးဟာ စာကြည့်စားပွဲပေါ်မှောက်လျက်အိပ်နေသောသူ၏မိခင်အားလက်ထဲမှ ခြံစောင့်ဦးပေါလုပ်ပေးထားသော
ဝါးဓားလေးကိုပြပေမယ့် သူ၏အမေဟာခေါ်၍မရခဲ့ပါ..
YOU ARE READING
ခမ်း