ဇာတ်သိမ်းပိုင်း
အခန်းထဲ၌တိတ်ဆိတ်မှုတို့ကသာ ကြီးစိုးလျက်ရှိပြီး ကုတင်ပေါ်၌ထိုင်ကာ အလွမ်းဒဏ်အား လူးလိမ့်အောင်ခံစားနေရသော
လူတစ်ယောက်လည်းရှိသည်။ မီးမှိန်မှိန်ဖွင့်ထားသောအခန်း၏အလင်းရောင်သည် အလွမ်းဒဏ်အားပို၍အားဖြည့်နေသလိုပင်..တစ်လ...တစ်လတိတိရှိပြီ...မိုးဟာဒီဘက်ခေတ်ပြန်ရောက်လာသလို အရာရာဘာမှမဖြစ်ပျက်ခဲ့သည့်အတိုင်း ဟန်ဆောင်နေရသည်မှာလည်း တစ်လရှိလေပြီ..မနေနိုင်တော့သည့်အခါ မ၏စာအုပ်အကုန်လုံးကိုရှာဖွေ၍ စာကြောင်းတစ်ကြောင်းစီလိုက်၍ခံစားမိသည်။
Google မှ မ၏ဓာတ်ပုံကိုရှာသော်လည်း ဘယ်လိုမှရှာမတွေ့...
ကိုယ်ရေးအကျဥ်းတောင် သူသိခဲ့တာတွေထက် နည်းသောအကြောင်းအရာတွေသာ...မောင် ဘယ်လိုရှေ့ဆက်ရပါ့မရယ်..ပင်ပန်းလို့ နားခိုချင်တဲ့အခါ မှီစရာပုခုံးလေးပျောက်ခဲ့ပြီ..အားပျက်လို့ နွမ်းနယ်တဲ့အခါ အင်အားယူဖို့ မဟာအနားမရှိ...အားငယ်လို့ဝမ်းနည်းတဲ့အခါ အားပေးစကားပြောမယ့် အသံလေးလည်းမရှိ..
ပင်ပန်းလိုက်တာမောင်ရယ်..ဆိုပြီး ရင်ခွင်ထဲတိုးဝင်နေကျ ကိုယ်သင်းနံ့လေးလည်းပျောက်ခဲ့ပြီ..လွမ်းလွန်းလို့ မနဲ့ပတ်သတ်တဲ့ အရာလေးတစ်ခုလောက်ကို ပြေးပွေ့ချင်ပေမယ့် စာအုပ်တွေအပြင် အမှတ်တရပစ္စည်းရယ်လို့မရှိဘဲ
အရာအားလုံးဟာ ဗလာနတ္တိ...မျက်လုံးနှစ်လုံးဖွင့်လို့ တစ်နေ့တာစတင်တဲ့အချိန်ကစ၍ မျက်လုံးနှစ်လုံးပိတ်ကာ အဆုံးသတ်သွားတဲ့အချိန်ထိ လွမ်းနေရတာ မောင့်ရင်တွေနာလှပြီ...ဖြစ်နိုင်လျှင် မောင်သည်လည်း သေ သွားခဲ့ရင် အကောင်းသား မရယ်...
ကျန်းကျန်းမာမာနေရစ်ခဲ့ပါလို့ မောင်တောင်းဆိုမိတာဟာ သိပ်အတ္တဆန်သွားမှန်း အခုတော့ မောင်ကောင်းကောင်းကြီးသိခဲ့ပြီ..
ဒီအလွမ်းဒဏ်တွေနဲ့ မချစ်မနှစ်သက်တဲ့သူအနားမှာ မဟာ ဘယ်လိုမှနေနိုင်မှာမဟုတ်...မောင်ရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့် သိပ်နောင်တရမိတယ်..မရယ်.....
သုံးလ ကြာသော်..
စာမေးပွဲပြီး၍ ခဏနားထားသော မိုးတို့ကျောင်းသားတွေမှာ အနားယူဖို့ သူငယ်ချင်းတွေနဲ့အပြင်ထွက်သူကထွက် လျှောက်လည်သူကလည်ကြ၏..ဆည်းဆာမေသည်လည်း လည်ဖို့ အဖော်လာစပ်လေသည်။ သို့သော် လောက ကြီးအားစိတ်ကုန်နေပြီဖြစ်သော
မိုးမှာပျော်ရွှင်မှုဟူ၍တစိုးတစိမျှပင် မရှိလေသောကြောင့်
ဆည်းဆာမေမှာ စိတ်လျော့ပြီး ပြန်လှည့်သွားလေသည်။
YOU ARE READING
ခမ်း