PART 9

524 52 22
                                    

[Unicode]________

သတိပေးတားမြစ်ချက်❗
အောက်ဖော်ပြပါဇာတ်ဝင်ခန်းများ၌ပါဝင်လာမည်ဖြစ်သော ဇာတ်ကောင်၏ ကြမ်းတမ်းရိုင်းစိုင်းသောအပြုအမူများ၊စကားလုံးများသည် ဇာတ်ကောင်စရိုက်ပီပြင်စေရန် စာရေးသူဖန်တီးပုံဖော်ထားခြင်း သက်သက်သာဖြစ်သည်။
Fanfiction ဖြစ်သည့်အလျောက် Idol image အားထိခိုက်စေမည့် negative commentsများ လုံးဝ(လုံးဝ)လက်မခံပါကြောင်း သတိပေးတားမြစ်အပ်သည်။

______________________

"BLAMZORAမှာ ရန်ဖြစ်နေတာလား...ဒဏ်ကြေးက ဒေါ်လာငါးသောင်းနော်..."

မထီမဲ့မြင်မျက်နှာပေးနဲ့အားလုံးကိုဝေ့ဝဲကြည့်ကာပြောလာတဲ့ ဘီးပေါ်ကတစ်ယောက်ကို ရန်ပွဲထဲပါဝင်တဲ့သူများက နားမလည်နိုင်စွာအချင်းချင်းကြည့်ကြသည်။

ဘီးပေါ်မှဂျွန်ဆန်က ပါးစပ်ထဲဝါးလာသည့်gumကို တဖောက်ဖောက်မြည်သံထွက်အောင်လုပ်ရင်း စိတ်အနှောင့်အယှက်ဖြစ်စရာအခြေအနေကိုဖန်တီး၏။

ရန်သတ်နေကြတဲ့သူတွေကို ရုတ်တရက် ကျောက်ရုပ်ဖြစ်အောင်လုပ်ထားတာက သူမဟုတ်သလိုမျက်နှာပေးနဲ့။ အချစ်ဆုံးသူငယ်ချင်းဆိုသူ ဘဲသုံးပွေကတော့ ဗြုန်းစားကြီးရောက်ချလာပြီး ဒဏ်ငွေအကြောင်းပြောနေသူကို အခုထိ ကြောင်တောင်တောင်ရပ်ကြည့်နေကြဆဲ။

ဒါကို ဂျွန်ဆန်က တမင်တကာအံ့ဩသလိုမျက်နှာပေးလုပ်လျက်...

"အော...ဟုတ်သားပဲ ကိုယ် အီတလီလိုထပ်ပြောဖို့လိုနေသေးတယ်"တဲ့လေ။

ထို့နောက် အီတလီလိုပီပီသသပြောသည့်စကားက...

"BLAMZORAမှာ ရန်ဖြစ်တဲ့သူတွေတိုင်း ဒေါ်လာငါးသောင်း ဒဏ်ကြေးထည့်ပေးရမယ်..."

'ထွီး!'

ထိုစကားကြားတော့ ရန်ပွဲအားစတင်သည့် Jumpert Apolloရဲ့ပိုင်ရှင် အမေရိကန်ငနဲက ဂျွန်ဆန်ရဲ့ ရှေ့ဘီးဘက် တံထွေးတစ်ချက်ထွေးသည်။ဂျွန်ဆန်ရဲ့မျက်ဆန်နက်နက်တွေက ထိုကောင်ဆီ ချက်ချင်းဦးတည်သွား၏။သို့ပေမယ့် ပါးစပ်ထဲမှ gumကိုကတော့ အဝါးမပျက်။

"ဒီတစ်ယောက်ကရော ဘယ်က အာရှသားငကြောင်လဲ"

"ဟားဟားဟား..."

You've reached the end of published parts.

⏰ Last updated: Feb 09 ⏰

Add this story to your Library to get notified about new parts!

𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡Where stories live. Discover now