Part 3

326 16 0
                                    

ရွှေရင်အေး
 
အပိုင်း (၃)

#ရွှေရင်အေး

01190644

“မေမေကြီး တို့ ခုပဲ ပြန်ရောက်တယ်…သမီးငယ်…”

“ဟုတ်ကဲ့….မေမေကြီး…ဖေဖေကြီး သက်သာရဲ့လားဟင်…”

“နေကောင်းပါတယ်…သမီးငယ်ရဲ့…ပင်ပန်းသွားလို့ပါ…ခုတော့ ဆေးသောက်ပြီး အိပ်နေပါပြီ… ..စိတ်မပူပါနဲ့…သမီးငယ်…”

“ဟုတ်ကဲ့….အန်တီလေးတို့ ပြန်သွားပြီလား…”

“မပြန်ဘူး…ဒီညတော့ ဒီမှာပဲ အိပ်ကြမယ်….”

“ဟုတ်ကဲ့…ဖေဖေကြီး ကို မနက်ကျရင် ဆေးထပ်တိုက်ပါနော်…ဒေါက်တာ့ကိုလည်း ခေါ်လိုက်ပါ…ဖေဖေကြီး မခေါ်ခိုင်းလည်း ခေါ်ပါနော် …မေမေကြီး…”

"သမီးငယ်လေးရယ်…စိတ်မပူပါနဲ့ဆို…မရပါလား…သမီးဖေဖေကြီးက တကယ် သက်သာသွားပါပြီ…နေပြင်းပြီး ခရီးပန်းလို့ပါ…အန်တီကြီး သွေးပေါင်ချိန်ကြည့်တာ ပုံမှန်ပါပဲ…မင်္ဂလာရက်မှာ စိတ်ကို သက်တောင့်သက်သာ ထားပြီး ပျော်အောင်နေပါကွယ်…"

"ဟုတ်ကဲ့…မေမေကြီး…"

“သမီးငယ်လေးကို မေမေကြီး သင်ပြဆုံးမခဲ့သလိုပဲ နေရမယ်နော်…သမီးငယ်လေး ပြုမှုသမျှက မေမေကြီးတို့ သင်ပြထားတယ်လို့ပဲ သတ်မှတ်မှာလေ…”

“ဟုတ်ကဲ့…ကေ နားလည်ပါတယ်…မေမေကြီး…”

“အင်း…ဂရုစိုက်ဦးနော်…အကုန်လုံးက သမီးကို ချစ်ကြတယ်ဆိုတော့ မေမေကြီး စိတ်ချပါတယ်…မနက်မှ ဖုန်းဆက်မယ်နော်…သမီးငယ်…”

“ဟုတ်ကဲ့…မေမေကြီး…”

မေမေကြီး ဘက်က ဖုန်းချသွားတော့ ကေ မျက်ရည်တွေ ပြည့်လာလို့ မျက်တောင်ပုတ်ခတ်လိုက်မိသည်။

မျက်တောင်အတုကြောင့် လေးလံနေတဲ့ ခံစားမှုကို မကြိုက်တာနဲ့ မိတ်ကပ်ဖျက်ပစ်ဖို့ အရင်တွေးလိုက်သည်။

သူ မလာခင် အခန်းထဲ ၀င်ဖို့ကျတော့လည်း စိတ်က မရဲဘူးဖြစ်နေသည်။

ဒီ လပိုင်းလေး အတွင်း သူနဲ့ကေ ရန်ကုန် မန္တလေးကို အကြိမ်ကြိမ် တွဲသွားတွဲလာ လုပ်ရပေမဲ့လည်း ရင်းနှီးမှု မရှိခဲ့ပါဘူး..။

ရွှေရင်အေးWhere stories live. Discover now