Part 30 (End)

956 18 2
                                    

ရွှေရင်အေး

အပိုင်း (၃၀)

ဇာတ်သိမ်း

#ရွှေရင်အေး

“ဒါ….ကျွန်တော့် ကောင်မလေး…နာမည်က ဂျပုလုံး…”

“ကိုကိုနော်…”

“မဟုတ်လို့လား…”

ဆိုင်ကယ်တွေ ပန်းခြံထဲကို ရောက်ချိန် ခန့်က ကေ ထိုင်နေတဲ့ စားပွဲဝိုင်း အထိ လာပြီး နှုတ်ဆက်လို့ အံသြမိသည်။

ကောင်မလေးက ဆယ်ကျော်သက်လေးပဲမို့ ကလေးလေးလို ဖြူဖြူလုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းပါသည်။

“ညီမလေး က ချစ်ဖို့ကောင်းလိုက်တာ…ခန့်က အရမ်းချစ်လို့ နာမည်တောင် ပေးထားတာပဲ….”

“ဟုတ်ပါဘူး..ကိုကို က မီး ပုတာကို နှိမ်ခေါ်နေတာ…သူကကျ ရှည်မျောကြီး…”

“ထုလိုက်လို့…”

ခန့်က ရယ်ရင်း ကလေးမလေး ခေါင်းကို လက်သီးဆုပ်ဖြင့် ဖွဖွ ထုလိုက်သေးသည်။

ချစ်သူရည်းစားတွေက အခုလို ပြောဆို ပြုမူတက်ကြတာဆိုပေမဲ့ ကေ ကတော့ ကျော်နဲ့ စားပွဲဝိုင်းမှာ ယှဉ်ထိုင်၍ ဂရုစိုက်ခံရရင်တောင် နေရခက်တာပါ..။

“‌ကျော်ကြီး ပြောတာ…ဖိုးဖိုး ကိုယ်တိုင် လွှတ်လိုက်တာတဲ့….ဟုတ်လား..”

“ဟင်…ဟုတ်ပါတယ်…”

“ထူးထူးဆန်းဆန်းပဲ..ဒါကြောင့် ဒီကောင် လွှတ်ပျော်နေတာ…အရင်တုန်းကဆို ခိုးပြီး ထွက်ရတာဆိုတော့ အမြဲတမ်း အပြေးအလွှားပဲ…သူနဲ့ပတ်ပြေးနေရတာ ကျွန်တော်တို့ပါ မောတယ်…”

“ကျော် က ဖိုးဖိုး ကို ကြောက်လို့ မပြောရဲတာ…ဖိုးဖိုးက အမှန်အတိုင်း ပြောတာကို ကြိုက်တော့ နှစ်ယောက်ကြားမှာ လွဲနေကြတာပါ..…”

“သူကလည်း သူ့အဖိုးကို အသေကြောက်တာဗျ…”

“မိန်းမကိုလည်း အသေချစ်တာ…ဟီး…”

ကောင်မလေးက အအေးဘူးကို ပိုက်နဲ့စုပ်သောက်ပြီး ပါးဖောင်းအောင် ငုံ့၍ မြိုချပြီးမှ ၀င်ပြောတော့ ကေ ပြုံးမိသော်လည်း ခန့်က နားရွက်ဖျားလေးကို ဆွဲလိုက်သည်။

ရွှေရင်အေးWhere stories live. Discover now