Part 14

181 10 0
                                    

ရွှေရင်အေး 

အပိုင်း (၁၄)

#ရွှေရင်အေး

01290635

“မင်းကို ဆေးရုံ ပို့ပေးရမလား….”

“မလုပ်ပါနဲ့ကွာ..အိမ်ပဲ ပို့စမ်းပါ..ခုချိန် ဖိုးဖိုး မရှိပါဘူး..”

ကေ့ ပေါင်ပေါ်မှာ အိပ်နေတဲ့ သူက အားမပါစွာ ပြန်ပြောပြီး မျက်လုံးပြန်မှိတ်ထားသည်။

ကေ စိတ်လှုပ်ရှားခဲ့ရသမျှတွေကလည်း အဖျားကြီးနေသည့်သူ့ကို စိုးရိမ်မှု အဖြစ် ပြောင်းလဲသွားသည်။

ဆေးထိုးထားတာတောင်မှ ညီးတွားနေရသည့် အခြေအနေက ခန့်ပြောသလို ဆေးရုံ သွားသင့်သည်လို့ ယူဆမိသည်။

“ဆေးခန်းပြတာ ပိုမကောင်းဘူးလား..ကျော်…”

“သူ့ဟာသူ ကောင်းသွားမှာပါ…ဆေးမရှိပါဘူး…”

သူ့ရင်ဘတ်ပေါ် တင်ထားရသည့် ကေ့လက်ပေါ်ကို လက်တင်လိုက်ပြီး ခပ်တိုးတိုးပြောတော့ ကေ သက်ပြင်းဖွဖွ ချမိသည်။

ကားရှေ့ခန်းမှာ ရှိနေတဲ့ ခန့်ကိုလည်း အားနာရပါသည်။

ကား က မြို့ကို ၀င်လာပြီမို့ ကေ အရဲစွန့်၍ စကားပြောဖို့ ကြိုးစားရသည်။

“ခန့်…ဟို….သူ့ကို ကေ ဘာလုပ်ပေးလို့ရမလဲဟင်…”

“ဘာမှ လုပ်လို့မရဘူး…သူပြောသလိုပဲ ထားလိုက်ပါ….မင်း အနားမှာ ရှိရင် အလိုလို ပျောက်သွားလိမ့်မယ်..”

“ဟုတ်တယ်…အမှန်ပဲ…”

သူကလည်းမျက်လုံး မဖွင့်ပဲ ထောက်ခံပြောတော့ ကေ နားမလည်ပါဘူး..။

ဆိုင်ကယ်ရှုပ်လို့ ဖြည်းဖြည်းပဲ မောင်းပေမဲ့ ကေကတော့ ပတ်ဝန်းကျင်က ဆိုင်ကယ်အကြီးတွေကို တွေ့ရင်ကိုပဲ စိတ်က လှုပ်ရှားရပါသည်။

အိမ်ကို ပြန်ရောက်တော့မှ သူက ဘာမှ မဖြစ်သလို ကားပေါ်က ဆင်းသွားတော့သည်။

“လမ်းလျှောက်ပြန်ရမှာလားဟင်…ကားယူသွားမလား..”

“ရပါတယ်…တစ်ခုခုဆို သူ့ကို ဖုန်းဆက်ခိုင်းလိုက်ပါ….”

ကေ ခေါင်းညိတ်လိုက်ချိန် ကျော်က ပခုံးကို လက်တင်ဖက်တော့ မနေတက်ဖြစ်ရပါသည်။

ရွှေရင်အေးWhere stories live. Discover now