Part 8

158 11 0
                                    

ရွှေရင်အေး

အပိုင်း (၈)

#ရွှေရင်အေး

01231026

“သားသားရယ်…ဆယ်ရက်လောက် သွားလည်း ဘာမှမဖြစ်ပါဘူး..”

“ဖိုးဖိုး က လွှတ်ပါတယ်…ကျော်က မသွားချင်တာပါ…”

“သမီးငယ် က အေးဆေး သွားချင်မှာပေါ့…၀န်ထမ်းတွေ အများကြီးပဲကိုး.. ဘာမှ မဖြစ်ပါဘူး…”

“ကေ လည်း ရက်ကြာကြာ မသွားချင်ပါဘူး..မေမေ…”

“သြော်..အတူတူ တိုင်ပင်ပြီးပြီ ထင်ပါတယ်..တစ်လေသံတည်းပဲ..”

ကေ နေရခက်လို့ ပြုံး၍ မျက်လွှာချထားလိုက်ရသည်။

မိသားစုကို ၀င်နှုတ်ဆက်ချိန် ရက်ကြာကြာ နေဖို့ တိုက်တွန်းကြသည်။

ကျော်ကတော့ သူ့အလုပ်တွေက ခုမှ စတင်တာကြောင့် မလစ်ဟင်းချင်ဘူးလို့ ကေ့ကို ပွင့်လင်းစွာ ပြောပြထားပြီးပါပြီ..။

ဖိုးဖိုးဘက်ကလည်း သူ့ အလုပ်တိုးတက်မှုကို စောင့်ကြည့်နေတယ်ဆိုတော့ ကေ က တော့ ဘယ်မှ မသွားချင်ပါဘူး..။

“အခွင့်အရေးက ရခဲတယ်…ဖိုးဖိုးက ကလျာ့ကြောင့် ခရီးထွက်ခိုင်းတာ..ကျော်တစ်ယောက်တည်းဆို တစ်သက်လုံး လွှတ်မှာ မဟုတ်ဘူး…ကျော်က သွားချင်တာ ကြာလှပြီ..မသွားချင်လည်း လိုက်ခဲ့ပါနော်…”

မိသားစု ခရီးထွက်ရင်သာ ပါသွားတက်ပေမဲ့ ကိုယ်တိုင်သီးသန့်တော့ ခရီးထွက်ချင်စိတ် မရှိပါဘူး..။

အခုတော့ နှစ်ယောက်တည်း မေမြို့ကို သွားဖို့ စိစဉ်ထားရသည်။

ကေ ကတော့ သူ့စကားနားထောင်ပြီး အ၀တ်အစားထည့်ပြင်ဆင်ပြီး သူ့ကားပေါ် တက်ထိုင်လိုက်ရုံသာ သိသည်။

ခရီးထွက်ရင် ဟိုတယ်ကိစ္စ အသွားအလာ အလည်အပတ် ကိစ္စ အကုန်လုံး လူကြီးတွေပဲ လုပ်ပေးကြတာလေ..။

အခုလည်း ကျော်ကပဲ ဦးဆောင်ရမှာပါပဲ..။

မေမေ တို့အိမ်မှာ မနက်စာစားပြီးတော့မှ ကေ တို့ စ ထွက်လာခဲ့လိုက်သည်။

“ကလျာ…”

“ရှင်…”

“ဟို…တစ်ခုတောင်းပန်ချင်တယ်ခင်ဗျ…”

ရွှေရင်အေးWhere stories live. Discover now