Part 26

217 14 0
                                    

ရွှေရင်အေး

အပိုင်း (၂၆)

02230943

“ကေ့ ကို ခွင့်လွှတ်ပါ…ဖိုးဖိုးရယ်…ကေ…ကျော့်ကို ပစ်ထားမိသလို ဖြစ်သွားတယ်…”

“မဟုတ်တာပဲ…သမီးငယ်…ဖိုးဖိုး မြေးအကြောင်း ဖိုးဖိုး အသိဆုံးပါပဲ..အခုလို မိုက်မဲတဲ့ကောင်ဆီ ပြန်လာတာပဲ..ဖိုးဖိုးက သမီးငယ်ကို သနားတာ…”

“ကျော် က ဆိုးတာ မဟုတ်ပါဘူး…သူ့ဝါသနာနဲ့သူ ပျော်နေတက်တာပါ…ဖိုးဖိုးရယ်…”

“ဖိုးဖိုး လည်း သူ့ကို ဆူထားပါတယ်…သမီးငယ် ရောက်နေတာ သိရင် သူ ၀မ်းသာပြီး  ဝေဒနာ တစ်ဝက် သက်သာသွားမှာပါ…သမီးငယ်လည်း ပင်ပန်းလာရောပေါ့…နားလိုက်ပါဦး…”

ကေ ခေါင်းညိတ်ပြီး ရင်းနှီးနေတဲ့ လှေကားလေးဆီကို ဦးတည်၍ သွားလိုက်သည်။

လှေကား တစ်ထစ်ချင်းမှာ ရင်ခုန် စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်ထိတ်လန့်မှုကို ခံစားနေရသည်။

တိတ်ဆိတ်နေတဲ့ အပေါ်ထပ် ကို ရောက်တော့ အိပ်ခန်းတံခါးဝမှာ ခဏရပ်လိုက်မိသည်။

ကေ ပထမဆုံး ၀င်တုန်းက တစ်ယောက်တည်း ၀င်ဖို့ ခက်ခဲနေခဲ့သည်။

အခုကျတော့ သူ့ကို ရင်ဆိုင်ဖို့ ခက်ခဲနေပြန်သည်။

ကေ့ ကို ကြိုဆိုလိမ့်မည်လို့ ယုံကြည်မိတဲ့ အခါ လက်ကိုင်ကို ဖြည်းဖြည်း လှည့်၍ ဖွင့်လိုက်သည်။

အိပ်ခန်းက လိုက်ကာတွေ ချထားလို့ ခပ်မှောင်မှောင်ဖြစ်နေပြီး ညမီးရောင်ရဲ့ အလင်းရောင် ဖျဖျလေးသာ ရှိနေသည်။

ခုတင်ပေါ်ကို အကြည့်ရောက်သွားပြီး သေချာ အာရုံစိုက် ကြည့်တော့မှသာ အစွန်းဘက်နားမှာ စောင်ခြုံထားတဲ့ အသွင်သဏ္ဍန်တစ်ခု ကို တွေ့ရတော့သည်။

ကေ ခုတင်နားကို တိုးကပ်သွားရင်း နှလုံးခုန်နှုန်းက တဒိတ်ဒိတ်တိုးလာသည်။

ခုတင်ပေါ်ကို ဖြည်းဖြည်းတက်လိုက်ပြီး ဒူးတုပ်ထိုင်ရင်း အိပ်ပျော်နေတဲ့ သူ့ကို သေချာတွေ့ရတော့ မျက်ရည်က အလိုလို ကျလာပြန်သည်။

နဖူးနေရာမှာ အဖြူရောင် ပတ်တီးတစ်ခု ရှိနေပြီး မျက်နှာကျကလည်း ပိန်သွယ်သွားသလိုပါပဲ..။

ရွှေရင်အေးWhere stories live. Discover now