Part 23

175 7 0
                                    

ရွှေရင်အေး

အပိုင်း(၂၃)

#ရွှေရင်အေး

02201111

“မမရွှေရင်အေးလေးရေ….”

“ကေ ဘေးမှာ…တိုးရေ…”

မီးဖိုဆောင် ရှေ့ဘက်နေရာလွတ်လေးမှာ ပစ္စည်းအတိုအတွာတွေနဲ့ ရှုပ်နေတော့ သဲသဲနဲ့ နှင်းကို သန့်ရှင်းရေး လုပ်ခိုင်းပြီး ကေလည်း ကူပေးနေမိသည်။

“အမလေး…ဘာတွေ လုပ်နေတာလဲ….အိုး..မမ…မြန်မြန်လာ…မြန်မြန်ထွက်လာ…သမီးတို့တော့ သေတော့မှာပဲ..”

“အင်းပါ..ထွက်ပါ့မယ်…နှစ်ယောက်တည်းမို့ နည်းနည်း ကူပေးတာပါ….”

“ငါတို့လည်း ပြောတာပဲ..အစ်မက အတင်းကူနေတာ…”

တိုး က အနားကို ချက်ချင်း ရောက်လာတော့ လက်ထဲက အမှိုက်ခြင်းထောင်းကို တိုးဆီကို ပြန်ပေးလိုက်ရတော့သည်။

ကေ မီးဖိုခန်းထဲကို ပြန်ဝင်ပြီး ၀ယ်ခိုင်းလိုက်တဲ့ ပစ္စည်းတွေ စုံရဲ့လားလို့ တစ်ချက် ကြည့်မိသည်။

ကိုယ်တိုင်ဆေးသုတ်ရမှာဆိုတော့ အလွယ်တကူ ဆေးစပ်ပြီးသားကိုပဲ ၀ယ်လိုက်သည်။

လိုင်းပေါ်မှာ ရှာကြည့်ပေမဲ့လည်း မတွေ့တော့ တိုး ကို ပဲ ၀ယ်ခိုင်းလိုက်တာ လိုအပ်တဲ့ပစ္စည်း အကုန်အစုံ တစ်ခါတည်း ရခဲ့လို့ တော်ပါသေးသည်။

“မမ ‌ရွှေရင်အေးလေး က အပြင်ကို ဆေးသုတ်မှာလား…”

“ဟုတ်တယ်..တိုးရဲ့…နေရာလွတ်လေး ရှိနေတာပဲ..ရှင်းလိုက်ရင် လှသွားတာပေါ့..”

“ဖိုးဖိုး က ဒီဘက်ကို မလာတော့ သမီးတို့လည်း ပေါ့နေတာ…အမှိုက်တွေတောင် တော်တော်များနေပြီ…အဲဒါ ဟိုဘက်က ပစ်ချတာ နေမှာပေါ့..”

အိမ်နောက်မှာ အုတ်တံတိုင်းပဲ ရှိပေမဲ့လည်း အနောက်တိုက်က အထပ်မြင့် တိုက်ခန်း ပုံစံဆိုတော့ အမှိုက်ပစ်ချရင် ကေတို့ ဘက်ကိုလည်း လွင့်ကျတက်သည်။

“နေရာ က တော်တော်ကွာတော့ သူတို့ အနောက်ဘက်မှာလည်း အမှိုက်တွေ တော်တော်များမယ် ထင်တယ်…”

“ဟုတ်တယ်…ဖိုးဖိုး က အုတ်တံတိုင်း အမြင့်ကြီး ကာထားလိုက်တာ တော်သေးတယ်…မဟုတ်ရင် အမှိုက်ပုံက ထွက်တဲ့ အနံ့က မသက်သာဘူး…ထမင်းဟင်းချက်တာတောင် မသတီဘူး..”

ရွှေရင်အေးWhere stories live. Discover now