Part 16

162 9 0
                                    

ရွှေရင်အေး

အပိုင်း (၁၆)

#ရွှေရင်အေး

01310828

“ကလျာ…”

“………”

ကေ အကြည့်ရောက်သွားပြီးတော့မှ ထိုင်နေရာကနေ ထ ကာ အ၀တ်လဲခန်း ရှေ့ကို ရောက်သွားရသည်။

“ဘာယူမလို့လဲ..ကျော်…”

“ပုဆိုး လဲ ပြီးပါပြီ…အကျီ် င်္ က လက်မြှောက်ဝတ်လို့ အဆင်မပြေဘူးဖြစ်နေလို့ဗျ…ခိုင်းတယ် သဘောမထားပါနဲ့ဗျာ..နည်းနည်းလောက် ကူညီပေးပါလား…”

အ၀တ်အစားထုတ်ပေးပြီးကတည်းက သူ အဆင်ပြေ မပြေ နားစွင့်နေမိတာကြောင့် ကေ အလွယ်တကူပဲ တံခါးကို တွန်းဖွင့်၍ ၀င်သွားလိုက်သည်။

တံခါးရှေ့မှာ အပေါ်ပိုင်း ကိုယ်ဗလာဖြင့် ရပ်နေတော့ နေရခက်သွားသော်လည်း ကေ မျက်လွှာချကာ ရှေ့ဆက်တိုးရသည်။

အိမ်နေရင်း သူဝတ်နေကျ စပို့ရှပ် ထုတ်ထားတာ ဆိုပေမဲ့လည်း သူ မ၀တ်တက်တော့ အဆင်ပြေမဲ့ အ၀တ်မျိုး စဉ်းစားကြည့်မိသည်။

“ရှပ်အကျီ င်္ ပြောင်းဝတ်မလားဟင်…”

“အဲဒါ အိမ်နေရင်း မ၀တ်ဖူးဘူးဗျ…ကလျာ စေတနာပျက်နေပြီလားဟင်…”

“ဟင်…မဟုတ်ပါဘူး…ကျော် လက်အနာခံပြီး ၀တ်နေရာမှာစိုးလို့ မေးမိတာပါ…ကေ့အတွက် က ကိစ္စ မရှိပါဘူး..”

ကေ မေးမိတာကို သူ့ဘက်က အထင်လွဲသွားတော့ ဘေးက အ၀တ်ချိတ်မှာ ရှိနေပြီးသား စပို့ရှပ်နက်ပြာကိုပဲ ယူပြီး ခေါင်းပေါ် ၀တ်လို့ရအောင် လည်ပင်းပေါက်ကို အရင် သေချာ ကိုင်လိုက်သည်။

ခေါင်းပေါ်က စွပ်ချလိုက်ပြီးမှ လက်ထိုးလို့ရအောင် လုပ်ပြီး သေချာ ၀တ်ပေးရသည်။

အ၀တ်ဝတ်ပြီးသွားတော့ ကျောဘက်က တင်နေသေးလို့ ကေ အနောက်ကို သွား၍ ဆွဲချပေးချိန် အရုပ်တွေကို မြင်ပြီး ရင်တုန်ရပြန်သည်။

လူတစ်ယောက် အခက်အခဲ ရှိနေလို့ ကူညီတယ်ဆိုတဲ့စိတ်တွေးထားသော်လည် ဒီအရုပ်တွေကို တွေ့တိုင်း ကေ နာကျင် ခံစားရသည်။

“ကျေးဇူးတင်ပါတယ်ခင်ဗျ…”

“ထမင်းပေါင်းလုပ်ထားပေမဲ့ စားလို့ အဆင်ပြေပါ့မလားဟင်…’

ရွှေရင်အေးWhere stories live. Discover now