Part 21

149 7 0
                                    

ရွှေရင်အေး

အပိုင်း (၂၁)

#ရွှေရင်အေး

02160456

“ကလျာ…”

“ရှင်…”

ကေ အ၀တ်အစား အဆင်သင့်ပြင်ဆင်ပေးထားခဲ့ပါသည်။

 အပင်လေးတွေကို ရေဖြန်းနေပေမဲ့လည်း သူခေါ်တာကြောင့် လက်ထဲက ရေဘူးလေးကို ချလိုက်ကာ အိပ်ခန်းဘက်ကို ပြန်လာခဲ့လိုက်သည်။

အခန်းတံခါးကို ဖြည်းဖြည်းတွန်းဖွင့်လိုက်ချိန် သူက အကျီ င်္ကြယ်သီးဖြုတ်နေရင်း လှည့်ကြည့်လို့ ကေ မျက်လွှာချကာ အခန်း တံခါး ပြန်ပိတ်ပြီး အနားကို သွားရသည်။

“အကျီ်လက် ချွတ်ပေးပါလား ခင်ဗျ…”

ကေ ခေါင်းညိတ်လိုက်ပြီး သူ့ အကျီ င်္လက်ကို ဆွဲချွတ်ကာ ကျောဘက်ကို ရောက်သွားတော့ သူ့တက်တူးတွေကို မြင်မိချိန် စိတ်ထဲ တစ်မျိုး ဖြစ်ရပြန်သည်။

“……….”

ကေ အကြည့်လွဲလိုက်ပြီး တစ်ဖက်က အကျီ င်္လက်ကိုပဲ ချွတ်ပေးလိုက်သည်။

ရှပ်အကျီ င်္သနပ်ခါးရောင်လေး ထုတ်ထားတာမို့ ကြယ်သီးတွေ ဖြုတ်ကာ ၀တ်ပေးရင်း ဟိုတစ်နေ့တုန်းကကော ဘယ်လို အကျိလဲလိုက်လဲလို့ တွေးမိပြန်သည်။

သူ့အတွက် အဆင်မပြေလို့သာ အကူအညီတောင်းတာပေါ့လေ..။

ကေ တာဝန်မကျေသလို ခံစားရပြီး သူ့ကိုလည်း ကရုဏာဖြစ်မိသည်။

“တီ..တီ…တီ…”

ကေ့ ဖုန်းသံမှန်း သိနေသော်လည်း သူ့ကို ကြယ်သီးတပ်ပေးလက်စမို့ သေချာ ပြီးအောင် တပ်လိုက်သည်။

“ရတယ်…ကလျာ…ဖုန်းကိုင်လိုက်ပါဗျ…ကျော်လုပ်ပါမယ်…”

အကျီ်လက်ကြယ်သီးကို တပ်ပေးဖို့လုပ်တော့ သူက လက်ထောင်ပြီး တပ်ရင်း ပြောတော့ ကေ ခေါင်းညိတ်ကာ မှန်တင်ခုံပေါ်က ဖုန်းကို သွားယူလိုက်သည်။

“ဟလို….”

“ဟလို…ဘယ်သူလဲရှင့်…”

သူက ခုတင်နားမှာ ရပ်နားထောင်နေရင်း ကေ့အနားကို ချက်ချင်း ရောက်လာတော့ သူ့ကို တစ်ချက်ကြည့်ပြီး ကေ ထပ်ပြောမိသည်။

ရွှေရင်အေးWhere stories live. Discover now