Part 13

152 9 0
                                    

ရွှေရင်အေး

အပိုင်း (၁၃)

#ရွှေရင်အေး

01260454

“ရေချိုးပြီးမှ သွားမယ်..ကျော် တော်တော် ပေပွ နေပြီ…”

ကေ ခေါင်းညိတ်လိုက်တော့ သူ့ ကျောပိုး လွယ်အိတ်ကို ခုတင်ပေါ် ချပြီး အ၀တ်အစားတွေ ထုတ်နေသည်။

“ကေ  အ၀တ်တွေ ပြန်လဲလို့ရပြီလားဟင်…”

“ဟင်..ဘာဖြစ်လို့လဲ…လှပါတယ်ဗျ..တောင်ပေါ်တက်ရဦးမှာလေ…လမ်းက ကြမ်းတော့ ခုလိုက လွတ်လွတ်လပ်လပ် စီးလို့ရတာပေါ့….’

ကေ မသွားချင်ဘူး မလိုက်ချင်ဘူး ကျန်ခဲ့မယ်လို့ ပြောချင်သော်လည်း နှုတ်ဆိတ်နေမိသည်။

သူ ကတော့ အ၀တ်အစားတွေ ယူပြီး ရေချိုးခန်းထဲ ၀င်သွားသည်။

“ကလျာ..ခေါင်းလျှော်ရည် ပါလားဗျ…”

“ပါပါတယ်…”

ကေ့ အိတ်လေးထဲက ခေါင်းလျှော်ရည်ဘူးကို ထုတ်ပြီး ရေချိုးခန်း အ၀ကို ရောက်သွားသည်။

ရေချိုးခန်း တံခါးဖွင့်တော့ ရင်ထိတ်သွားသော်လည်း သူက တီရှပ်နဲ့ ဘောင်းဘီ ၀တ်ထားသည်။

“လျှော်ပေးချင်လားဗျ…”

ကေ မျက်လွှာချရင်း ခေါင်းကို ဖြည်းဖြည်း ညိတ်လိုက်မိသည်။

ကေ့လက်ကို ဆွဲပြီး ရေချိုးခန်းထဲ ခေါ်သွားတော့ အပူငွေ့ကို အတော်လေး ခံစားမိသည်။

ပတ်ဝန်းကျင်ကို လိုက်ကြည့်ရင်း ဘတ်တပ်ထဲမှာ ရေတွေက အငွေ့ထနေတော့ အံသြရသည်။

“ဒါတွေက…”

“ရေပူနဲ့ချိုးရင် ကိုယ်တွေလက်တွေ မနာဘူးပြောကြလို့…”

“ဟင်..ခုနာလို့လား…”

“မနာသေးဘူး..ကြိုပြင်ထားတာပါ…ရေမပြည့်သေးလို့ စောင့်နေရတာ…အရင်လျှော်ပေးပါလားခင်ဗျ..”

ကေ ခေါင်းညိတ်လိုက်တော့ သူက ဆောင့်ကြောင့်ထိုင်လိုက်သည်။

ကေ လည်း ရေပန်းယူပြီး ခေါင်းကို ရေလောင်းကာ ခေါင်းလျှော်ရည် ထည့်၍ လျှော်ပေးရသည်။

ရွှေရင်အေးWhere stories live. Discover now