Part 9

133 9 0
                                    

ရွှေရင်အေး

အပိုင်း(၉)

#ရွှေရင်အေး

01240929

“…….”

ကေ ချမ်းနေတာကိုပဲ ခံစားမိသည်။

အိပ်မက်လည်း မက်သည်။

လူရမ်းကား အုပ်စုလိုက်က ကေ့ကို ပြောင်နောက်ပြီး ရန်စနေကြသည်။

ကေ နေရခက်လွန်းလို့ ပြေးထွက်ချင်ပေမဲ့လည်း အခန်းတစ်ခုထဲမှာသာ ပိတ်မိနေသည်။

“ကလျာ…”

ကေ့ကိုယ်က လှုပ်ရှားနေတာ သိသော်လည်း ကိုယ်တိုင်က မရွေ့နိုင်ပါဘူး..။

ကျော့် အသံခပ်တိုးတိုး ကို ကြားမိသလိုတော့ ရှိသည်။

“ကျော်..ခေါ်ခိုင်းထားပါတယ်ခင်ဗျ…”

“အပန်းဖြေခရီးထွက်တာ ဘယ်လိုဖြစ်ပြီး ပြန်လာရတာလဲ..ကျော်…မင်း ဘယ်အထိသွားတာလဲ…”

“………”

ကေ့ ခေါင်းတွေ ထိုးကိုက်ပြီး မျက်လုံး မဖွင့်နိုင်သော်လည်း ဖိုးဖိုးအသံကြားတာကြောင့် အားယူ၍ ဖွင့်လိုက်ရသည်။

အခန်းထဲက ခုတင်ပေါ်မှာ ရောက်နေပြီး ဘေးနားမှာ ဖိုးဖိုးလည်းရှိနေတော့ နေရခက်ပြီး ထဖို့ကြိုးစားမိသည်။

“လှဲနေ..လှဲနေ….သမီးငယ်…”

“ရပါတယ်…ဖိုးဖိုး…”

“ဘယ်တွေသွားလိုက်လို့ ဖျားရတာလဲ သမီးငယ်…”

“ကေ ရေချိုးမှားသွားလို့ပါရှင့်….ပြန်ခါနီး ရေချိုးခဲ့တော့ အပူရှပ်သွားတယ် ထင်ပါတယ်……”

“ပျော်စေချင်လို့ လွှတ်ခါမှ ကျန်းမာရေးပါ ထိခိုက်ရတယ်လို့….”

“ကေ မှားသွားတာပါရှင့်…ဖိုးဖိုးတို့ စိတ်ပူအောင် ပေါ့ဆမိတာ..တောင်းပန်ပါတယ်ရှင့်…”

“အဲလိုတော့ ဘယ်ဟုတ်မလဲ….အကြောင်းအကျိုး တိုက်ဆိုင်သွားတာပါ…ဆရာဝန်လာလိမ့်မယ်…အမျိုးသမီး ဆရာဝန်ပါပဲ…”

“ဟုတ်ကဲ့ဖိုးဖိုး..”

“သက်တောင့်သက်သာနေ…ကျန်းမာရေးက အဓိကပဲ…”

ရွှေရင်အေးWhere stories live. Discover now