"လင်လင်..."
နူးညံ့နွေးထွေးလွန်းသော အသံလှိုင်းတစ်ခုဟာ နားထဲသို့စီးဝင်လာခဲ့သည်...။
"အင်း..."
ဝိုးတဝါးပတ်ဝန်းကျင်တစ်ခုမှာ မိုးသံလိုလို ရှေးဂီတသံလိုလို... မသဲကွဲသောအသံတစ်ခုကိုလည်း ကြားနေရသည်...။
"နေအုံး..."
ဖျတ်ကနဲမြင်လိုက်ရသည့် ကျောပြင်တစ်ခုကို ပျောက်ကွယ်သွားမှာစိုးသည့်စိတ်ဖြင့် ဟန့်တားလိုက်မိသည်...။
ထိုလူဝတ်ထားသည့်အနက်ရောင်လောင်းကုတ်မှာလေတိုးမှုကြောင့် တဖျတ်ဖျတ်လွင့်သွားသည့် အသံနှင့်အတူ ပုံရိပ်တစ်ခုဟာ အနီးနားမှာ အလျင်စလို ဖြတ်သန်းဝေးကွာသွားသည်....။
နားရွက်တွေကိုသိသာပေါ်လွင်စေသည့် ဆံပင်ပုံစံရှင်းရှင်းကြောင့် ထိုလူ၏သာမန်ထပ်အနည်းငယ်သေးငယ်သော မျက်နှာအနေအထားကို ခန့်မှန်းလို့ရသော်လည်း အတွင်းဝတ်လည်ပိတ်ဆွယ်တာကြောင့် ဂုတ်သားတွေကို မြင်၍မရသည်ကို နှမျောတသဖြစ်မိသည်...။
'လင်လင်' ဟူသည့်နာမ်စားဟာ ထိုလူ၏နှုတ်ဖျားမှ ထွက်လာသည်မှာ သေချာသော်လည်း လူကိုတော့ဖြင့် မြင်တွေ့ခွင့်မရလိုက်ပါ...။
"အာ့..."
တစ်ယောက်ယောက်ကဖမ်းဆွဲထားလိုက်သလို ပြုတ်ကျသွားခဲ့ရစဥ်မှာ ထိုအနက်ရောင်အရိပ်ဟာ နောက်သို့လှည့်ကြည့်လာခဲ့သည်...။
မျက်နှာကိုသဲကွဲစွာမမြင်ရသော်လည်း စူးရှနေသည့် ရှည်မျောမျောမျက်ဝန်းတွေမှာ ရှိနေသည့် အရိပ်တွေထဲမှာ ဖမ်းဆုပ်လိုက်မိသည်မှာ စိုးရိမ်နေခြင်းတွေနှင့်ဝမ်းနည်းခြင်းတွေဖြစ်သည်...။
တစ်စုံတစ်ရာကိုကြေကွဲထိခိုက်နေသည့် မျက်လုံးတွေဟာ စကားတွေပြောနေသယောင်ဖြစ်နေသာ်လည်း သူ၏ခန္တာကိုယ်ကတော့ဖြင့် ထိုနေရာမှာ ကျောက်ချထားသည့်နှယ်..မလှုပ်မယှက် တည်ရှိနေခဲ့၏...။
ထူးဆန်းလွန်းသော ခံစားချက်အရတော့ သူဟာ ဒီနေရာဆီ လှမ်းလာချင်သော်လည်း သူမလုပ်နိုင်ခြင်းဖြစ်ပေမည်...။
"ဟင့်အင်း... မဟုတ်ဘူး..."
ထိုလူဆီရောက်အောင်သွားနိုင်ရေးကသာလျှင် အသက်ရှင်လွတ်မြောက်မည့် တစ်ခုတည်းသော အသိလိုမျိုး...။
YOU ARE READING
After The Story (ZhiJun)
Fanfictionဒီပုံပြင်လေး ပြီးဆုံးသွားရင်ကော ငါတို့အတူရှိနိုင်မလား...? #ZhiJun Start (16.3.24) End (11.5.24)