"ဒီနေရာကို သိလားဟင်..."
ကမ်းပေးလာသည့်စာရွက်ပိုင်းလေးကို ကြည့်ပြီး ဦးနှောက်ကို အလုပ်ပေးရသည်..။
"အော်... အဲ့တာက..."
ဘာမှကိုမပြောရသေးခင်မှာ သူမနောက်မှ အရှိန်နှင့်ပြေးဝင်လာခဲ့သော ဆိုင်ကယ်တစ်စီးကြောင့် အလိုလိုနောက်ဆုတ်လိုက်မိသည်..။ ကျောခိုင်းထားသည့် သူမအား လှမ်းဆွဲလိုက်သော်လည်း သူမကတော့ လွတ်မြောက်မသွားခဲ့ပါ..။ ဆိုင်ကယ်သမားသည် ပြင်းထန်သောအရှိန်ဖြင့် ကားတစ်စီး၏ နောက်မှဝင်တိုက်ခြင်းကို ခံလိုက်ရသည်...။
"ဝုန်း...အုန်း..."
"တိုက်မိကုန်ပြီ... လုပ်ကြပါအုံး..."
မိန်းကလေးတစ်ဦးရယ် ၊ ပစ္စည်းပို့သော ဆိုင်ကယ်တစ်စီးရယ်၊ကားတစ်စီးရယ် သုံးပွင့်ဆိုင် တိုက်မိသည့် အလွန်တရာရှုပ်ထွေးသော အခြေအနေမှာ ဟွမ်ကျွင့်ကျယ် ကတော့ ကပ်သီးလေး လွတ်မြောက်သွားခဲ့သည် ဆိုသော်လည်း အခုလေးတင် စကားပြောနေခဲ့သော မိန်းကလေးမှာတော့ မျက်စိရှေ့တင် သွေးအိုင်ထဲလဲကျ ငြိမ်သက်နေခဲ့ပြီဖြစ်သည်...။
"ကယ်... ကယ်ပါအုံး..."
အသံတွေငြိမ်သက်သွားကတည်းက လှုပ်ရှားမှုမရှိတော့သော မိန်းကလေးနှင့် ဆိုင်ကယ်မောင်းသူကို ကြောင်အစွာ ကြည့်နေမိစဉ်မှာ ကားထဲမှလူ၏ အကူညီတောင်းသံက လူကိုလှုပ်နှိုးလာခဲ့သည်...။
"ဟို....ခဏ...ခဏလေး...ကျွန်တော်လာခဲ့မယ်..."
အကူညီဖြစ်လောက်မည့် ပစ္စည်းကို ယူကာ ထိုလူကားတံခါးထဲမှ ထွက်လာနိုင်ရေးသာ ဦးစားပေး ကြိုးစားပေးမိစဉ်မှာ ထိုလူက ကူကယ်ရာမဲ့စွာ လက်ကို ဆွဲထားခဲ့သည်...။
"ကားကပေါက်ကွဲတော့မယ်ထင်တယ်... ဟိုကောင်လေး... ရှောင်လိုက်တော့..."
"လွှတ်ပေးပါ.."
ကားဆီမှ ထူးဆန်းသောအသံတွေကြားလာရပြီးနောက် လူအများ၏အော်ဟစ်သံကြောင့် အန္တရယ်ဟူသည့်အသိကို ဦးနှောက်က အချက်ပေးနေသော်လည်း သေအံ့ဆဲဆဲလူ၏အားကိုးတကြီးမျက်ဝန်းတွေကြောင့် အင်္ကျီလက်ကို ဆွဲထားသော ထိုလူ့လက်တွေကို အလွယ်တကူဖြုတ်ချပစ်လိုက်ဖို့ရာ ရုတ်တရတ် အားအင်မရှိဖြစ်နေခဲ့သည်...။
YOU ARE READING
After The Story (ZhiJun)
Fanfictionဒီပုံပြင်လေး ပြီးဆုံးသွားရင်ကော ငါတို့အတူရှိနိုင်မလား...? #ZhiJun Start (16.3.24) End (11.5.24)