“ဟေးယောက်ရှီ… ကျွင့်ကျယ် ဒါကဘာလဲ…’’
အိပ်ရာဘေးရှိခုံပေါ်တင်ထားမိသော လိပ်စာကတ်ကို ကိုင်ကြည့်ပြီး ဝူချီကမေးလာသည်...။
“ဒီတိုင်း... အင်း...လုပ်ငန်းလိပ်စာကတ်...”
“မင်းကိုကမ်းလှမ်းထားတာလား...”
“အင်း… ဟုတ်တယ်...”
“မင်းကကော စိတ်ဝင်စားလား...’’
အနက်ရောင်ကတ်လေးကိုကြည့်လိုက်မိတာနှင့် ယမန်နေ့က ခံစားရခဲ့သော နာကျင်မှုတွေကို ပြန်လည်သတိရလာမိလာတော့ အလိုလိုခေါင်းခါမိလိုက်သည်...။
“ချထားလိုက်စမ်းပါ ဝူချီရာ...’’
ဝူချီ့လက်ထဲက ကတ်လေးကို ကြောက်စရာ ပစ္စည်းတစ်ခုနှယ် ယူလိုက်မိပြီး မည်သူမှအလွယ်တကူ မမြင်နိုင်စေရန် အံဆွဲထဲထည့်ပြီးသိမ်းထားလိုက်သည်...။
“ဘာဖြစ်လို့လဲ အဆင်မပြေဘူးလား...”
“မဟုတ်ပါဘူး...ဒီတိုင်း...”
မျက်လုံးတွေမှိတ်ချလိုက်တော့ ရှကျစ်ကွမ်း၏ စိုးရိမ်တကြီးမျက်လုံးတွေက အာရုံထဲပေါ်လာခဲ့သည်...။
ထွေးထွေးပွေ့ပွေ့ဂရုစိုက်တတ်သော သူ့ရဲ့နွေးထွေးမှူတွေနှင့် စိမ်းသက်မနေခဲ့ပဲ အကျွမ်းတဝင်ရှိလွန်းနေတာဟာ ပုံမှန်မဟုတ်သော ကိစ္စရပ်ဖြစ်တာကြောင့် ဘာမှန်းမသိသည့်တစ်စုံတစ်ရာကို အလိုလိုကြောက်ရွံ့နေမိသည်....။
************************
**ညောင်...ညောင်...**
တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေသည့် ကြောင်လေးတစ်ကောင်ဟာ တစ်စုံတစ်ဦး၏ရင်ခွင်ထဲတိုးဝှေ့နေခဲ့ပြီး ချစ်စဖွယ်အသံလေးပြုနေခဲ့သည်...။
**ဒါကငါမွေးထားတဲ့ကြောင် မင်းနဲ့ကျတော့ရင်းနှီးနေတယ်...**
မနာလိုသံနှင့်ပြောမိသည့်အသံကမကြည်မလင် ထွက်လာခဲ့သည်...။
**မင်းဟာလဲငါ့ဟာ... ငါ့ဟာလဲ ငါ့ဟာပဲ...**
ထိုစကားတို့ကိုပြောနေစဥ် ကြောင်ဖြူလေးကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားကာ ပွတ်သပ်ပေးနေခဲ့သည့် လူတစ်ယောက်၏ မီးခိုးဖြူရောင်ကုတ်အင်္ကျီလက်ဖျားတွေကို သဲကွဲစွာမြင်နေရသည်..။ မျက်နှာထိ ကြည့်ချင်မိသော်လည်း မြင်ကွင်းက ထိုလူ၏လုံးဝန်းသောနှာတံထိပ်ဖျားမှာတင် ရုပ်ရှင်ပိတ်ကားတွေလိုမျိုး တဝက်တပျက် ရပ်တန့်သွားခဲ့သည်...။
YOU ARE READING
After The Story (ZhiJun)
Fanfictionဒီပုံပြင်လေး ပြီးဆုံးသွားရင်ကော ငါတို့အတူရှိနိုင်မလား...? #ZhiJun Start (16.3.24) End (11.5.24)