"ငါတို့ ချစ်ခွင့်တောင် မရှိခဲ့ကြဘူး...''
သူပြောလိုက်သည့်စကားအတိုင်း ရေရွတ်ကြည့်ရုံနဲ့တင် ဝဲဘက်ရင်အုံတစ်နေရာမှ နာကျင်အောင့်မျက်သွားခဲ့ရသည်...။
မြင်နေရသည့် မျက်ရည်တို့ပြည့်လျှံနေခဲ့သည့် မျက်ဝန်းတွေကို ငေးစိုက်ကြည့်မိရင်း အလိုလိုနေရင်းမျက်ရည်ဝဲလာရသည်...။
"မင်းစိတ်ချပါ... ငါတို့နောက်ထပ်ဘယ်တော့မှ ခွဲရမှာမဟုတ်ဘူး..."
မျက်နှာချင်းဆိုင် အနေအထားမှာ ပါးပြင်တွေကို အုပ်ကိုင်လာပြီး ပြောနေသည့် သူ့လက်ဖဝါးတွေက အနည်းငယ်အေးစက်နေခဲ့သည်...။
"အရင်တုန်းကတော့ ငါကအချိန်တန်ရင်ထွက်ခွာသွားရမယ့်သူဖြစ်ပြီး... မင်းကကျန်ခဲ့ရမယ့်သူ..."
ဆက်ပြောလာမည့်စကားတို့ကို နားထောင်နိုင်စွမ်းမရှိတာကြောင့် သူ့နှုတ်ခမ်းတွေရှေ့မှာ လက်ကာထားမိသည်...။
ရှကျစ်ကွမ်းနှင့်ခွဲခွာရမည့်အကြောင်းအရာဆိုလျှင် အတိတ်ပဲဖြစ်ဖြစ် ပစ္စုပ္ပန်ပဲဖြစ်ဖြစ် ဘာကိုမှမသိချင်တော့ပါ...။"ဟင့်အင်း... ဘာတွေဖြစ်လာပါစေငါ့ကိုထားမသွားဘူးလို့ ကတိပေးပါ..."
သူ့ကိုငေးကြည့်နေရင်းမှ ရင်တစ်ခုလုံးအလိုလိုပူလောင်လာရသည်...။
"ငါမင်းကိုဘယ်လောက်တောင်ချစ်တယ်ဆိုတာ မင်းခံစားမိတယ်မဟုတ်လား..."
"...အင်း..."
"ယုံကြည်ပေးပါ... ဒီဘဝမှာတော့ ကံကြမ္မာကြောင့်မှ မဟုတ်ရင်ငါတို့မဝေးစေရဘူး... ကတိပေးတယ်..."
စိုက်ကြည့်နေသည့်မျက်ဝန်းတွေမှာ သူ့စကားအတွက် ခိုင်မာသော ကတိသစ္စာတွေရှိနေသည်...။ တင်းတင်းစေ့ထားသော နှုတ်ခမ်းတွေက သူ့စိတ်တို့ ခိုင်မာပြတ်သားခြင်းကို သရုပ်ဖော်နေကြသည်....။
"ရှကျစ်ကွမ်း..."
"အင်း..."
လေသံဖြင့်ထူးပြီး ခေါင်းကိုဆွဲယူပြီးရင်ခွင်ထဲပွေ့ဖက်ထားပြန်သည်...။ ခန္ဓာကိုယ်ကို အောက်သို့အနည်းငယ်လျှောချလိုက်ပြီး သူ့ရင်ခွင်ထဲမှာ အံဝင်ဂွင်ကျ အနေအထားဖြစ်သည်အထိ တိုးဝင်လိုက်မိသည်...။
YOU ARE READING
After The Story (ZhiJun)
Fanfictionဒီပုံပြင်လေး ပြီးဆုံးသွားရင်ကော ငါတို့အတူရှိနိုင်မလား...? #ZhiJun Start (16.3.24) End (11.5.24)