Author's Note

307 38 8
                                    

After The Story ဖြစ်ပေါ်လာပုံလေး ရှင်းပြချင်လို့ပါ...

အစ်မက The Spirealm နဲ့ပတ်သတ်ပြီး လုံးဝ move on လို့ မရလို့ TSနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုပဲ  Fic ထဲထည့် ရေးချင်လို့ တမင်ရေးတာပါ...
အစ်မလိုမျိုး move on မရတဲ့သူတွေဖတ်ရပြီး ကြည်နူးရစေချင်တာကြောင့် ရေးဖြစ်သွားတာပါ...
ပြောရရင် ကိုယ်ဖတ်ချင်တာ ကိုယ်ရေးတာပေါ့ 🤣🤣
BTS မှာ ညီအစ်ကိုတွေ အရမ်းသဲကဲနေတာကြောင့်လဲ ရေးဖြစ်သွားတာ 😄
ဟယ် ပြောနေရင်း အူတွေယားလာပါပြီ...

စာရေးတာနဲ့ပတ်သတ်ပြီး နားခဲ့တာ အချိန်တွေအရမ်းကြာသွားတော့ (အသက်ကြီးသွားတာကြောင့်ရော)  အရင်ကလို ခံစားချက်တွေက ဆွဲထုတ်တိုင်းထွက်မလာတော့ဘူးကွယ် 🤣
တချို့နေရာတွေမှာ လိုအပ်ချက်တွေအများကြီးရှိနေမှာကို သိပါတယ်...
ဒါကြောင့် တချို့နေရာလေးတွေမှာ စာဖတ်သူတွေအနေနဲ့ ဖြည့်တွေးရမှာလေးတွေ ရှိပါလိမ့်မယ်ရှင်...
အကြောင်းကတော့ အစ်မFicထဲမှာ The Spirealm ထဲက အကြောင်းအရာတွေကိုတော့ ထည့်ရေးလို့မဖြစ်လို့ပါ..
ဥပမာပြောရရင် ပုံရိပ်ယောင်ဖြစ်တာတို့ဘာတို့ အတိအကျမရေးချင်လို့ လင်လင့်အိပ်မက်တွေဟာ အရင်ဘဝလိုလ်ို ဘာလိုလို အစ်မရေးထားတာကို ကြိုက်သလိုသာတွေးကြပါနော်... အဲ့တာနဲ့ပတ်သတ်ပြီး အတိအကျ အစ်မမရေးပါဘူး ဒါက ဝန်ခံတာပါ 😁
အိုင်ဒီယာကတော့ The Spirealm ဒီကနေပဲ အခြေခံထားတယ်...

ပြီးတော့ ထပ်ပြောချင်တာက အစ်မမှာ Zhijun အတွက် The Spirealm နဲ့မသက်ဆိုင်သော Plot တစ်ခုရှိပါတယ် plotကိုတွေးထားပြီးဖြစ်ပေမယ့် ရေးဖို့ကျ အချိန်ကြာနိုင်တာမို့လို့ အဲ့ဒါတင်ပေးဖို့နဲ့ပတ်သတ်ပြီး ခုထိဝေဝါးနေမိတယ်...
တကယ်လို့ဖတ်ချင်တဲ့သူများတယ်...  အစ်မ အတွေးတွေက စိတ်ကျေနပ်တဲ့အနေအထား ရှိရင်တော့ တင်ပေးပါ့မယ်...
ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာပိုပြီး မအားတော့မှာမို့လို့ အစ်မက ရေးချင်ပေမယ့် တော်တော်ကြီးအချိန်ပေးအားစိုက်ရမှာမို့လို့ပါ...
ရေးနေရင်းရပ်လိုက်မိတာမျိုး ဖြစ်မှာထက်စာရင် အစထဲက မတင်တာပိုကောင်းမှာမို့လေ... ပြီး​တော့ စိတ်က ခုထိ 'တင်ရမလားမတင်ရဘူးလား' ဝေဝါးနေမိလို့ပါ...
ချပြတင်ပေးချင်ပေမယ့် အနှောင့်အယှက်တစ်စုံတစ်ရာပေါ်လာမှာကိုလဲ စိုးရိမ်မိတယ်... အစ်မဘက်ကတာဝန်မကျေနိုင်မှာကိုလဲ စိုးရိမ်မိလို့ပါ... ယူတို့အမြင်လေးပြောပေးကြပါအုံး...

ကဲခုထိ After The Story ကို အစ်မနဲ့အတူ လိုက်ပါစီးမျောပေးတဲ့ တစ်ယောက်ချင်းစီကို ​ကျေးဇူးတင်ပါတယ်...
အစ်မကမေတ္တာဓာတ်ကလေးတွေ ပို့လွှတ်ပေးလိုက်ပါတယ်နော်...
Reading List လေးတွေ FeedBack လေးတွေဟာ တကယ်ကို အားဖြစ်စေပါတယ်...
ကိုယ်ဖတ်ချင်လို့ကိုယ်ရေးတာလေးကို အတူဖတ်ပေးကြလို့ ကျေးဇူးတင်ပြီး ချစ်ရပါတယ်ရှင်...

After The Story (ZhiJun)Where stories live. Discover now