"ဒီလိုအခြေအနေမျိုး ခဏခဏဖြစ်တယ်ဆိုရင်တော့ ပြဿနာရှိနိုင်တယ်... မထိန်းချုပ်နိုင်တဲ့အနေအထားမှာဆိုရင် ဒါကအသက်အန္တရယ်ရှိနိုင်တဲ့ကိစ္စမျိုးဖြစ်လို့... အခုတော့ စိတ်ကောကိုယ်ပါ သေချာအနားယူခိုင်းပြီး ဂရုစိုက်ပေးပါ...""ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်...ဒေါက်တာ..."
''ကောင်းပြီ ကျွန်တော့်ကိုခွင့်ပြုပါဦး..."
ဆေးအရှိန်ဖြင့် အိပ်ပျော်နေသည့် အပြစ်ကင်းစင်လွန်းသည့် ပုံရိပ်လေးကို ငေးကြည့်နေရင်း အသာပြုံးလိုက်မိသည့်အခါ အားအင်တွေပြည့်ဝသွားသလို ခံစားရသည်...။
မဲနက်နေသည့်မျက်တောင်ထူတွေဝန်းရံထားသည့် မျက်ခွံလွှာတွေမှေးမှိတ်ထားသည့် ပုံရိပ်လေးကတောင် မြတ်နိုးဖွယ်အတိဖြစ်နေခဲ့၏...။
လက်ရာမြောက်ပန်းပုဆရာက ထုဆစ်ထားသော အဖိုးတန်လက်ရာတစ်ခုလိုမျိုး ဟွမ်ကျွင့်ကျယ်၏ ထင်ရှားသည့်မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီဟာ လှပလွန်းသည်...။
"ရေသောက်ချင်တယ်..."
နိုးလာသည်နှင့်ဆေးသွင်းထားသည့်လက်ကို ထောင်ကြည့်နေတာကြောင့် စိတ်လိုက်မာန်ပါ ဖြုတ်ပစ်လိုက်လေမလား စိုးရိမ်စွာကြည့်နေမိသည်...။
ဖွင့်ဟလာသည့် လေသံတိုးတိုးလေးက တည်ငြိမ်အေးချမ်းနေမှ သက်ပြင်းခိုးချရသည်...။
"ဘယ်လိုနေလဲ... အဆင်ပြေရဲ့လား..."
"အင်း... မသေလောက်သေးဘူးထင်တယ်..."
ပြောပြီးသည်နှင့် ထိုင်ရန်ကြိုးစားလာတာကြောင့် သူ့ကျောနောက်ဘက်မှာ ခေါင်းအုံးခုပေးလိုက်ခြင်း ကို 'ကျေးဇူးတင်ပါတယ်' ဟု ခပ်တိုးတိုးပြောလာသည်...။
စိတ်ဆိုးနေသည့်အချိန်မှာတောင် ယဥ်ကျေးနေသည့် အမျိုးကောင်းသားလေးဖြစ်ပေသည်...။
သူ့ဘေးမှာဝင်ထိုင်လိုက်တော့ ငေးကြည့်လာသည့် မျက်ဝန်းလေးတွေက ကြည်စင်နေခဲ့တာကြောင့် သတ္တိမွေးပြီး စကားပြောရသည်...။
"တကယ်တော့... မင်းမက်နေတဲ့အိမ်မက်တွေက သာမန်ရိုးရိုးအိမ်မက်တွေမဟုတ်ဘူး... တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို မင်းကအိမ်မက်အဖြစ်နဲ့မြင်နေရတာ..."
YOU ARE READING
After The Story (ZhiJun)
Fanfictionဒီပုံပြင်လေး ပြီးဆုံးသွားရင်ကော ငါတို့အတူရှိနိုင်မလား...? #ZhiJun Start (16.3.24) End (11.5.24)