တစ်ယောက်တည်း အထီးကျန်စွာ ဖြစ်သန်းခဲ့ရသော နှစ်သစ်တွေနှင့် ခြားနားစွာ ဒီနှစ်တော့ အနားမှာ ရှကျစ်ကွမ်း အတူရှိနေခဲ့သည်...။လှပလွန်းသော မီးရှူးမီးပန်းတွေကို တစ်စုံတစ်ယောက်နှင့်အတူကြည့်နေရသော ခံစားချက်က နှလုံးသားတစ်ခုလုံးကို နွေးထွေးစေခဲ့သည်...။
အမှာရှိသည့်အခါမှ ကော်ဖီစေ့လေးတွေကို လှော်ပေးပြီး ဖျော်ပေးသော မွှေးပျံ့နေသည့် ဒေသထွက်ကော်ဖီနွေးနွေးကို ငုံရင်း ဝရန်တာမှာ နှစ်ယောက်သား မီးပန်းပွဲတော် စတင်မည့်အချိန်ကိုစောင့်နေခဲ့ကြတာဖြစ်သည်...။
"ကော်ဖီကြိုက်လား..."
'ရောက်တတ်ရာရာပြောသည့်စကား'ဟုထင်ရသော်လည်း လေးနက်သည့် သူ့အကြည့်တွေကြောင့် ပြုံးပြရင်းခေါင်းညိတ်ပြလိုက်သည်...။
Cheer ဟူသည့်သဘောဖြင့် ကော်ဖီခွက်အချင်းချင်းလာတိုက်သည်...။
''Happy New Year!! နှစ်သစ်မှာပျော်ရွှင်ပါစေ...''
''Happy New Year!!နှစ်သစ်မှာပျော်ရွှင်ပါစေ...''
နှစ်ယောက်သားအပြန်အလှန်ပြုံးပြခဲ့ကြရင်း...
"နောင်နှစ်တွေလဲ ဒီလိုမျိုးဖြတ်သန်းရရင်ကောင်းမယ်..."
ကျေးဇူးတင်စွာပြောလိုက်မိသည့်အခါ...
"မင်းနှစ်သစ်ဆုတောင်းလိုက်လေ... ဖြစ်ချင်တာကိုဆုတောင်းလို့ရတာပဲ..."
"မင်းကော ဘာဆုတောင်းလဲ... အဲ... ဆုတောင်းကိုပြောပြလို့ရလား..."
သဘောကျသွားဟန်ဖြင့် အားပါးတရ ရယ်နေပြီးမှ ခေါင်းညိတ်ပြလေသည်...။
"ငါ့ဆုတောင်းက မင်းထပ်ပြီး အထီးမကျန်ရပါစေနဲ့လို့..."
သူဘယ်လိုလုပ်သိနေတာလဲ...။
"ဒီတိုင်းခန့်မှန်းလိုက်တာပါ... ခုနမီးပန်းတွေကို ကြည့်နေတဲ့ မင်းမျက်လုံးထဲကနေပြီး အကုန်မြင်နေရတယ်ဆိုရင် ပိုပြီးမှန်မယ်ထင်တယ်..."
"အော်... မင်းငါနဲ့အတူရှိနေပေးတော့ဒီနှစ်ကအမှတ်တရပါပဲ ကျေးဇူးတင်ပါတယ်...''
အပြုံးတစ်ခုနှင့်အတူ လက်ဆွဲနှုတ်ဆက်ရန်ကမ်းပေးလာသည့် နူးညံ့သည့်သူ့လက်ဖဝါးမှတဆင့် နွေးထွေးမှုတွေက နှလုံးသားထဲထိစိမ့်ဝင်ပျံ့နှံ့သွားခဲ့သည်...။
YOU ARE READING
After The Story (ZhiJun)
Fanfictionဒီပုံပြင်လေး ပြီးဆုံးသွားရင်ကော ငါတို့အတူရှိနိုင်မလား...? #ZhiJun Start (16.3.24) End (11.5.24)