"ဒီနားလေးထပ်ဖြည့်ရင်ရပြီထင်တယ် ကော...''
"ဟုတ်တယ်...မီးခိုရောင်အရင့်ကိုသုံးလိုက်... ပြီးရင် ဒီဘက်မှာ အဖြူရောင်ထပ်ထည့်မယ်...ပါးပါးဆိုရပြီ..."
ခုတင်ဘေးမှာထိုင်ကာ Tabletကိုပြပြီး စကားပြောနေသူနှစ်ယောက်ကို လက်ပိုက်ပြီးရပ်ကြည့်နေမိသည်...။
လူတစ်ယောက်လုံးရပ်နေသည်ကို အချိန်ကြာသည်အထိ သတိမထားမိလောက်အောင် အလုပ်ကိုစိတ်ဝင်စားနေသည့် ဟွမ်ကျွင့်ကျယ်၏ ဦးခေါင်းမှာ ချန်းလီကိုင်ထားသည့် Tabletထဲနစ်ဝင်တော့မည်နှယ် ဖြစ်နေသည့်အခါ ရှကျစ်ကွမ်း၏သီးခံနိုင်စွမ်းကုန်သွားခဲ့လေပြီ...။
"ချိန်ချန်းလီ..."
"ဗျာ... ရှကော..."
အလန့်တကြားမော့ကြည့်လာသော နှစ်ယောက်၏ မျက်နှာမှာ အနည်းငယ်ရှိုးတို့ရှန်းတန့်ဖြစ်သွားကြသည်...။
"မင်းရဲ့ ဟွမ်ကောက အခုထိ အနားယူဖို့လိုသေးတယ်..."
"...ကျွန်တော်..."
"မဟုတ်ဘူး...ချန်းလီကို ငါလာခိုင်းလိုက်တာပါ... ဒါကနည်းနည်းထပ်ဖြည့်ရင်အပြီးသပ်လို့ရပြီဆိုတော့ သူ့ကိုဖြည့်ခိုင်းမလို့လေ..."
ခုတင်ကိုမှီထိုင်နေသည့် မျက်နှာလေးက သွေးရောင်လွှမ်းနေပြီဖြစ်သော်လည်း နှုတ်ခမ်းတွေကတော့ အရောင်ဖျော့နေတုန်းပင်...။ တစ်ကိုယ်လုံးကို အဖြူရောင်တွေသာ ဝတ်ဆင်ထားသည့် ဟွမ်ကျွင့်ကျယ်၏ ကြည်လင်သန့်စင်နေသည့် ပုံရိပ်လေးဟာ အခန်းငယ်ထဲမှာ တောတ်ပနေခဲ့သည်...။
"မလိုချင်ဘူး... ချန်းလီ သွားတော့..."
တိုတိုပြတ်ပြတ်ပြောလိုက်တော့ ချန်းလီကစပ်ဖြီးဖြီးလုပ်ကာ ခပ်ကုပ်ကုပ်ထွက်သွားတော့သည်...။
"ဒေါက်...ဒေါက်..."
"ကျွတ်..."
လာကြပြန်ပြီ...။ ဟေးယောက်ရှီကလူတွေတော်တော် အားနေကြတာပါလား...။
"ဝင်ခဲ့လေ..."
"ကျွင့်ကျယ် သက်သာရဲ့လား..."
"ကောင်းသွားပါပြီ... လာမေးတာ ကျေးဇူးတင်ပါတယ်...''
YOU ARE READING
After The Story (ZhiJun)
Fanfictionဒီပုံပြင်လေး ပြီးဆုံးသွားရင်ကော ငါတို့အတူရှိနိုင်မလား...? #ZhiJun Start (16.3.24) End (11.5.24)