Page 7

395 52 9
                                    

လီတုန်းယွမ်နှင့်မတွေ့မီ မနက်ခင်းအချိန်တွင်ဖြစ်သည်....။
~~~~~~~~~~~~~~~~~~~
တရှပ်ရှပ်ဖြင့် နားထဲသို့တိုးဝင်လာသော အသံတွေကြောင့် နိုးလာရသည်...။ မျက်လုံးကို တဝက်သာဖွင့်ပြီး အခန်းထဲမှအသံကိုရှာဖွေမိသည့်အခါ ထိုအသံတွေကို ဖန်တီးသူမှာ ရှကျစ်ကွမ်းဖြစ်နေခဲ့လေသည်...။

အတတ်နိုင်ဆုံးအသံမထွက်အောင် ဖြည်းဖြည်းချင်းလုပ်နေခဲ့ပြီး အတန်ကြာမှ နောက်ကျောမလုံတော့သည့်နှယ် လှည့်ကြည့်လာသည်...။

"တောင်းပန်ပါတယ်... မင်းကိုနိုးစေမိပြီ..."

မျက်လုံးတွေကို သေသေချာချာဖွင့်ပြီး ကြည့်လိုက်တော့ ပစ္စည်းတွေကို အမျိုးအစားတစ်ခုချင်းဆီ စုထားပြီး ဘေးမှာအပြာရောင်ဂျင်းကျောပိုးအိတ်တစ်ခုကို ချထားသည်...။

"မအိပ်တော့ဘူးလား..."

ခုတင်ပေါ်မှာ ထထိုင်လိုက်သည်ကို သူမေးလာသည်...။

"ဟင့်အင်း... မနက်စာလုပ်မလို့..."

"အဲ့တာဆို ဒီကိုခဏလာအုံး..." 

"ဒီနေ့သွားရင် ဒီအိတ်ကိုယူသွား... မင်းတို့အသုံးလိုလောက်မယ့် ပစ္စည်းတွေစုထည့်ပေးထားတယ်...ဒီမှာ မင်းမတော်တဆ ဓာတ်မတည့်တာဖြစ်ခဲ့ရင်သောက်ဖို့ ဆေး... ဒါကို အလွယ်တကူယူလို့ရမယ့်နေရာမှာထည့်ထား... ငါထည့်ထားပြီးမှ လိုအပ်လာရင် မင်းရှာလို့မလွယ်မှာစိုးလို့... အခုကိုယ့်ဘာသာအမှတ်အသားနဲ့ထည့်လိုက်တော့..."

သူသွားဖို့ပြင်ဆင်နေသည်ဟုထင်လိုက်မိတာ အထင်မှားသွားခဲ့သည်...။

"ကျေးဇူးတင်ပါတယ်..."

"အော်..ဟိုနေ့က လမ်းပြကောင်လေးရှောင်ထန်းကိုအတူလိုက်ပေးဖို့ပြောထားတာဆိုတော့ မင်းတို့လမ်းပျောက်မှာမပူရတော့ဘူးပေါ့..."

'မင်းအတူလိုက်ခဲ့တာက ပိုမကောင်းဘူးလား...' မေးလိုက်ချင်မိသည်...။

"ဘာဖြစ်လို့လဲ..."

နွေးနေသည့် လက်ဖဝါးတွေက နဖူးပေါ်ကျလာသည်...။

"ဘာမှမဖြစ်ပါဘူး... အိပ်ချင်တာမပြယ်သေးလို့..."

"မျက်နှာသစ်လိုက်လေ..."

After The Story (ZhiJun)Where stories live. Discover now