''ဟ.... ဘာဖြစ်လို့လဲ ချိန်ချန်းလီ..."အိပ်ရာကနိုးနိုးချင်း ခုတင်ဘေးမှာ ငုတ်တုပ်ထိုင်ကာစောင့်ကြည့်နေသော ချိန်ချန်းလီကြောင့် လန့်သွားရသည်...။
"ရှကောက ဟွမ်ကောကို ခေါ်ခိုင်းလိုက်လို့..."
"အဲ့တာများ နှိုးလိုက်တာမဟုတ်ဘူးကွာ..."
"ကော နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရင် မနှိုးရဘူးလို့လဲ မှာလိုက်တာနဲ့ ကျွန်တော်လဲထိုင်ကြည့်နေလိုက်တာ..."
"ကျွတ်... ဒုက္ခပဲ... မှာလိုက်တာကြာပြီလား အရေးကြီးလား..."
မှာလိုက်တဲ့သူနှင့် ပြောလိုက်သည့်စကားကို တသွေမတိမ်းလိုက်နာတဲ့သူတို့ နှစ်ယောက် ကြားထဲမှာ ကြောင်တောင်တောင်ဖြစ်သွားရသူက ဟွမ်ကျွင့်ကျယ်သာ...။
"အေးဆေးပြောလို့ရမယ့်ပုံပါပဲ... ဖြေးဖြေးလုပ်ပြီးသွားပေါ့..."
"အင်း...ပြီးရော..."
အခန်းတံခါးခေါက်ပေမယ့် အသံမကြားရတာကြောင့် ဝင်လာလိုက်တော့ သူက အခန်းထဲရှိမနေခဲ့...။
အငွေ့တို့လှိုင်နေဆဲဖန်ခွက်ကလေးက ဆက်တီပေါ်မှာ အဆင်သင့်ရှိနေတာကြောင့် ခုံမှာထိုင်ပြီးစောင့်နေလိုက်ရသည်...။
ခဏနေတော့မှ Bathrobeနှင့်သူထွက်လာသည်...။
''သောက်လိုက်အုံး...အိပ်ချိန်ဆိုတော့ကော်ဖီမသောက်နဲ့တော့... ဒါကစံပယ်ပန်းလက်ဖက်ရည်သောက်ကြည့်..."
"ကျေးဇူးပဲ..."
မျက်ဝန်းတွေက အလေးအနက်ပြောတော့မည်ဟန်ပန်တွေနှင့်...။ သူပြောစရာရှိလို့ ခေါ်ခိုင်းလိုက်ပြီးမှ ဘာတွေစဥ်းစားနေတာလဲ မသိနိုင်...။
"မင်းအလုပ်တွေ အလွန်အကျွံလုပ်နေတာလား..."
"အမ်... မဟုတ်..."
စူးရှရှအကြည့်တွေကြောင့် စကားလုံးတွေကို တဝက်တပျက်ရပ်လိုက်မိသည်...။
"မဟုတ်ဘူး... ငါကငါ့လူတွေကို အချိန်ဇယားမျှမျှတတထားတာကိုပဲ သဘောကျတယ် အရေးအကြီးဆုံးအနေနဲ့ အိပ်ချိန်စားချိန် ပုံမှန်ရှိရမယ်... ဒါကမင်းကိုမှမဟုတ်ဘူး အကုန်လုံးကို ငါလေ့ကျင့်ပေးထားတာ..."
YOU ARE READING
After The Story (ZhiJun)
Fanfictionဒီပုံပြင်လေး ပြီးဆုံးသွားရင်ကော ငါတို့အတူရှိနိုင်မလား...? #ZhiJun Start (16.3.24) End (11.5.24)