Page 9

492 56 10
                                    

အခန်းထဲရောက်သည်နှင့် နုံးချိနေသည့် ခန္ဓာကိုယ်ကို ရေချိုးသန့်စင်ရသည်...။

ရေချိုးခန်းထဲမှထွက်လာသည်နှင့် မြည်နေသောဖုန်းသံကြောင့် ကြည့်လိုက် တော့ ခေါ်ဆိုသူမှာ ရှကျစ်ကွမ်း ဖြစ်နေခဲ့သည်...။

"ဟယ်လို..."

"တစ်ခုလောက် ကူညီပေးပါအုံး..."

''အင်း...ပြောလေ..."

''ငါ့အခန်းထဲကိုသွားပြီး... ကွန်ပျူတာကိုဖွင့်ပြီး ဖိုင်တစ်ခုပို့ပေးပါအုံး..."

''အင်း... ဟုတ်ပြီ... ခဏလေး.. ဟပ်ချိုး..."

တစ်ဖက်မှအသံတိတ်သွားခဲ့ပြီ...

"ရေချိုးနေတာလား..."

"အင်း...ဟုတ်တယ်... ဒါပေမယ့် ပြီးနေပါပြီ... အင်္ကျီမဝတ်ရသေးတာ..."

"ဒါဆို အဲ့တာအရင်လုပ်လိုက်... ကွန်ပျူတာဖွင့်ပြီးမှဖုန်းပြန်ခေါ်..."

"ကောင်းပြီ..."

သူ့အမိန့်တိုင်းနာခံစွာ အဝတ်အစားဝတ်လိုက်ပြီးမှ သူ့ထံသို့ဖုန်းခေါ်လိုက်သည်...။

"password တောင်းနေတယ်..."

"အင်း... 0709XIAGAUNGGAUNG..."

0709ရှကွမ်းကွမ်း ဟူသည့် Password ကြောင့် မရယ်မိအောင်ထိန်းလိုက်ရသည်...။ 'မျက်နှာတည်တည်နှင့် ဟေးယောက်ရှီ၏ လောင်သာ့မှာလဲ ဒီလိုချစ်စဖွယ်အစိတ်အပိုင်းတွေရှိတာပါလား' ဟု တွေးလိုက်ရင်းမှ 0709 ဆိုတာကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်...။

တွေးကြည့်ရသလောက်တော့ ရှကျစ်ကွမ်းကို မွေးနေ့နှင့်ပတ်သတ်ပြီးပြောပြဖူးတာမရှိပါ...။ ကိုယ်ရေးအချက်အလက်ထဲမှာ တွေ့ရှိပြီးသိခဲ့တာ ဖြစ်နိုင်သော်လည်း ဒါကိုတကူးတက သူ့ရဲ့ကွန်ပျူတာလျှိူ့ဝှက်နံပတ်အဖြင့်ထားခြင်းမှာလည်း သိပ်တော့ ယုတ္တိမရှိပေ...။

ဒီအတိုင်းတိုက်ဆိုင်မှုသပ်သပ်ဖြစ်နိုင်သည်ကို အတွေးလွန်နေမိတာများလား...။

"Disk E ထဲမှာ... After The Story ဆိုတဲ့ Zip Fileရှိတယ်... အဲ့တာလေး ပို့ပေးနော်...''

"အင်း...တွေ့ပြီ ပို့ပေးလိုက်မယ်..."

"အိုခေ ကျေးဇူးပဲ... နောက်နာရီဝက်လောက်ဆိုရင် ငါပြန်လာခဲ့မယ်..."

After The Story (ZhiJun)Where stories live. Discover now