EP : 1

8.1K 82 4
                                    

        “ထူးမြတ်ရောင်ခြည်!!  မင်းဆိုးသွမ်းနေ တာတွေ ဘယ်တော့ရပ်မှာလဲ”

        “ နေပါဦး အခုကျွန်တော်က ဘာလုပ်နေလို့လဲ မာမီ”

        “မင်းရဲ့ မေးရဲတဲ့ပါးစပ်ကို ငါအရမ်းချီးကျူးမိတယ် ထူးမြတ်ရောင်ခြည် မင်းရဲ့အခန်းထဲမှာ တပ်ပေးထားတဲ့ CCTV ကို မင်းဘာလို့ ဖြုတ်သလဲ”

       “ ဒါတော့ မာမီရယ် ကျွန်တော့် စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် နေလို့ရတဲ့ ကိုယ်ပိုင်အခန်းထဲမှာ CCTV တပ်တာ မာမီ လွန်လား ကျွန်တော် လွန်လားလူတိုင်းသိတယ်”

      “ဒါဆို မာမီလည်းမင်းစကား အတိုင်းမင်းကို ပြန်ပြောမယ်။ မင်းလို ဆိုးသွမ်းပျက်ဆီးနေတဲ့ သားတစ်ယောက် အခန်းကို CCTV တပ်သင့်လား မတပ်သင့်လား လူတိုင်း သိတယ်!! ”

      ထူးမြတ်ရောင်ခြည်နှင့် သူ၏ မိခင်ဒေါ်မေခလာမြတ် တို့အခြေအတင်စကားများနေချိန် တစ်အိမ်လုံးတွင် ရှိသော အိမ်တော်ထိန်းများ အိမ်အကူများမှာ မျက်နှာဆီးရွက်လောက်သာ ရှိတော့၍ ခေါင်းအားငိုက်စိုက်ချကာ မတ်တက်ရပ်နေ ကြရသည်။

       စကားများကြခြင်းသည် အထူးတလည် မဟုတ်တော့ပါ။ ဒေါ်မေခလာမြတ် သည် အမြဲပြောဆိုနေသလောက် ထူးမြတ်ရောင်ခြည်သည်လည်း ဂရုမစိုက်ပေ။

       ထူးမြတ်ရောင်ခြည်သည် ဆိုးသွမ်းနေသည့်အထဲပါသည်။နေပြည်တော်တွင်ရှိသော club မှန်သမျှ ထူးမြတ်ရောင်ခြည် မရောက်သည့် club မရှိပါ။ပြဿနာဖြစ်လာတိုင်းလည်း ပိုက်ဆံနှင့် ပေါက်--တ်၍ ဖြေရှင်းခဲ့၍ လူလိုပြေပြေလည်လည် တောင်းပန်ခဲ့ချိန်မရှိ။

      ယခုလိုဆိုးသွမ်းနေသော ထူးမြတ်ရောင်ခြည်အား ဒေါ်မေခလာမြတ်သည် မိန်းမပေးစားရန်လုပ်သော်လည်း မိန်းကလေးအားလုံးသည် ထူးမြတ်ရောင်ခြည်၏ စိတ်ညစ်အောင်ပြုလုပ်သည့်အချိုး များအောက်တွင် ထွက်ပြေးသွားကြသည်။

       ထူးမြတ်ရောင်ခြည်၏ ဖခင်ဦးစိုးနောင် သည်တော့ MYAT COMPNEY၏ CEO ဖြစ်သောကြောင့် သူ့အလုပ်နှင့်သူ ယားလို့တောင်ကုပ်အားသူမဟုတ်၍ သားဖြစ်သူအား လွှတ်ထားသည်။

My Red Flag HusbandWhere stories live. Discover now