နှစ်ခြိုက်စွာအိပ်ဆက်နေချိန် မနက်ခင်း၏ နေရောင်ခြည်နုနုကြောင့် မျက်လုံးအား မပွင့်တပွင့် ဖွင့်၍ ကြည့်မိသောအခါ သူမအား နူးညံ့စွာပြုံး၍ ကြည့်နေသော ကိုကို့အား တွေ့လိုက်ရ၍ အနည်းငယ်မျှ ပြုံးမိပါသည်။“ Happy birthday baby!”
“အာ... Thank you ”
ယနေ့သည် သက်ထား၏ မွေးနေ့ဖြစ်သည်။ထို့ကြောင့် မနက်ခင်းတွင် မိဘများအားခေါ်၍ cake ခွဲမည်ဖြစ်သည်။
“ထတော့လေ ခဏနေ book in ယူထားတဲ့ဆိုင်မှာ baby အတွက် surprise ရှိတယ်”
“ဟီး ဒါဆိုရင်တော့ထရမှာပေါ့”
အိပ်ရာမှ ထချိန်တွင် ဖေဖေနှင့်မေမေ ဆီမှဖုန်းဝင်လာလေသည်။
“hello happy birthday ပါသမီးလေး နိုးပြီပေါ့လေ”
“ဟုတ်မေမေနိုးနေပြီ အခုမှရေချိုးမလို့ ဟီးဟီး”
“အေးအေး ခဏနေမှ တွေ့ကြတာပေါ့ ဒီမှာသမီးဖေဖေနဲ့ပြောလိုက်ဦး”
“ဟုတ်”
“happy birthday သမီးရေ ”
“ဟုတ်ကဲ့ပါ ဖေဖေ ။ခဏနေကြရင်တွေ့ရတော့မှာ ဆိုတော့အလွမ်းပြေတော့မှာပဲ”
“အေးပေါ့ သမီးအခုပြင်ဆင်နေပြီလား နောက်ကျဦးမယ်နော် ဖေဖေတို့ကတော့ ကိုစိုးနောင်တို့နဲ့ အတူတူအရင်သွားနှင့်လိုက်မယ် present ကတော့ရောက်မှပေးမယ်နော်”
“ဟုတ်ကဲ့ဖေဖေ ကျေးဇူးတင်ပါတယ်”
“အေးအေး ဒါဆိုဒါပဲနော်”
“ဟုတ် ချစ်တယ်နော်”
“အေးပါ မေမေတို့လည်းချစ်တယ် ။ဒါဆိုခဏနေတွေ့မယ်နော်”
“ဟုတ်”
ထို့နောက်ဖုန်းချပြီး၍ ရေချိုးခန်းထဲဝင်မည်အပြု မာမီနှင့် ဒယ်ဒီဆီမှလည်း ဖုန်းဝင်လာသောကြောင့် ထိုနည်းတူပင် ပြောလိုက်ကြရသေးသည်။ဖုန်းပြောအပြီးတွင်တော့ ရေချိုးရန် သွက်လက်စွာ ဝင်ရတော့သည်။မဟုတ်ပါကနောက်ကျနေရော့မည်လေ။
YOU ARE READING
My Red Flag Husband
Historia Corta"ကိုယ့်လက် ကိုသာသေချာဆုပ်ကိုင်ထားလိုက် နွေးလည်းနွေးစေရမယ် အန္တာရာယ်လည်းကင်းပြီး ကမ္ဘာပေါ်မှာအပျော်အရွှင်ဆုံးမိန်းကလေးတစ်ဦး ဖြစ်ကိုဖြစ်စေရမယ်"