ဒေါ်မေသီလှိုင်တို့ သားအမိနှစ်ယောက်၏ ကားလေး သည် ဒေါ်မေခလာမြတ်တို့ အိမ်၏ ခြံဝန်းကြီးထဲသို့ တစ်ရွေ့ရွေ့မောင်းနှင်လာသည်။
ဒေါ်မေသီလှိုင်၏ အမျိုးသား သက်ထားခင်၏ ဖခင်ဦးမောင်မောင်ကို သည်အလုပ်ကိစ္စများများဖြင့် မအားလပ်၍ ထမင်းစားဖိတ်ခြင်းအား မလိုက်ခဲ့ခြင်းပင်။သူသည် Barmicut Company ၏ CEO ဖြစ်သောကြောင့် အလုပ်ရှုပ်သည်။ ယင်း company သည်တဟုန်ထိုး အောင်မြင်ကာ စီးပွားတက်နေသော ဆောက်လုပ်ရေး company ဖြစ်သောကြောင့် အခြားထက် အလုပ်ပိုရသည်။
Myat company သည် ယင်းတို့၏ ပြိုင်ဖက် ဖြစ်သည်။သို့သော် company ပိုင်ရှင်သူဌေးကတော် နှစ်ယောက်မှာ ငယ်သူငယ်ချင်းများဖြစ်ကြ၍ ပြိုင်ဆိုင်မှုမျိုး မလုပ်ကြပေ။ထို့ကြောင့် ဤသို့သားသမီး ကိစ္စအား စကားလမ်းကြောင်းကြခြင်း ဖြစ်သည်။
ဒေါ်မေခလာမြတ်သည် သူ၏သားစိတ်သဘောထားအား သိသည်။ထူးမြတ်ရောင်ခြည်သည် ဆိုးသွမ်း၍ စကားနားမထောင်ပေ။Club,Bar,KTV စသည့်နေရာများအား သွားသည်။သူသွားသည့် ဆိုင်များသည်လည်း နေပြည်တော်၏ လူချမ်းသာများ ပျော်ပါးသောနေရာများသာဖြစ်သည်။
ထူးမြတ်ဆိုးသွမ်းသော်လည်း မိန်းမကိစ္စမပါပေ။ မိန်းမဆိုလျှင်ဝေးဝေး ကရှောင်၍ မပတ်သက်တတ်သူ ဖြစ်သည်။ သူ့အနားတွင် company များစွာမှ သမီးများ ဝိုင်းဝိုင်းလည်နေပါသည်။သို့သော် ထူးမြတ်ရောင်ခြည်သည် စိတ်မဝင်စား။သက်ထားခင်မှလွဲ၍။
သူသည်သက်ထားခင်နှင့်ဆိုလျှင် အခြားမိန်းကလေးများကို ဆက်ဆံ ပုံနှင့်မတူပေ။သို့သော် သိသာအောင်လိုက်ကြူးနေသည့် ထဲတွင်တော့မပါ။သူသည် ရုပ်တည်ကြီးနှင့်သာ။သူ၏ငယ်ပေါင်း ဖြစ်သော မင်းသွေးနှင့်မြင့်မြတ်ကတော့ သိသည်။
ယခုကားပေါ်တွင် သက်ထားခင်တစ်ယောက်အတွေးများစွာနှင့်။သူမက ထူးမြတ်ရောင်ခြည်ကို ချစ်ပါသည်။မောင်နှမ ချစ်ခြင်းမျိုးမဟုတ်ပါ။သူမ ငယ်ငယ်ကတည်းက ကြိတ်ကြိုက်ခဲ့ရတယ်။ဒါပေမဲ့ ဒါကိုအစ်ကိုကတော့မသိပါ။အစ်ကိုက သူမအပေါ်ဆို အမြဲ တည်တည် တန်းတန်း ပဲဆက်ဆံတယ်။သူမ ချစ်နေခြင်းအားလည်းမသိပါ။ဒါမဲ့ရပါတယ် တိတ်တခိုးချစ်ရရင်ပဲ ကျေနပ်ပါတယ် အစ်ကိုရယ်။
YOU ARE READING
My Red Flag Husband
Historia Corta"ကိုယ့်လက် ကိုသာသေချာဆုပ်ကိုင်ထားလိုက် နွေးလည်းနွေးစေရမယ် အန္တာရာယ်လည်းကင်းပြီး ကမ္ဘာပေါ်မှာအပျော်အရွှင်ဆုံးမိန်းကလေးတစ်ဦး ဖြစ်ကိုဖြစ်စေရမယ်"