EP : 15 ( Final)

2.5K 17 3
                                    

             Lunch စားပြီး၍ ကမ်းဆပ်တွင် လေရှုရင်း လမ်းခဏလျှောက်ကာ room သို့ပြန်လာခဲ့ကာ ခရီးပန်း လာ၍တစ်ရေးတစ်မောအိပ်ကာ အနားယူလိုက်ကြသေးသည်။အနားယူအပြီး နှစ်ယောက်သားနိုးလာချိန်တွင်တော့ အချိန်ဟာဖြင့် ညနေ 4 နာရီလောက်ရှိပြီဖြစ်၍ ရေဆော့ရန်နှင့် Sunset ကြည့်ရန်အသင့်တော်ဆုံးအချိန်ဖြစ်ပေသောကြောင့် အဝတ်စားလည်း၍ အသားမမဲစေရန် sunscreen လိမ်းကာ ပင်လယ်သို့အတူ ထွက်လာလိုက်ကြသည်။

           သောင်ပြင်ပေါ်ရောက်ရောက်ချင်း လှိုင်းများနှင့် လှပစွာတည်ရှိနေသော ငပလီပင်လယ်ကြီးကို တွေ့လိုက်ရ၍ လျင်မြန်စွာ ရေထဲဆင်းသွားသော သက်ထားအား ထူးထူးကကြည့်ရင်း လဲ၍ ထိခိုက်မည်ဆိုးသောကြောင့် စိတ်ပူရပါသေးသည်။

           “ဟေး! လဲမယ်လေ ဖြေးဖြေး”

            သက်ထားသည်တော့ မနေနိုင်စွာပြေးဆင်းသွားပြီး အပေါ်တွင် ကျန်ခဲ့သောထူးထူးအား သွားတက်ကလေးများပေါ်အောင် ရယ်ရင်းသာလှမ်းကြည့်မိတော့သည်။

             ထို့နောက်ထူးထူးလည်း သက်ထားနည်းတူ ရေထဲသို့ဆင်းလာကာ သက်ထားအား ရေနှင့်ပက်ကာ စရင်းရေအတူဆော့ကြတော့သည်။သက်ထားတို့ရေဆော့အပြီး Sunsetကြည့်ရမည့်အချိန် နှင့် ကွက်တိဖြစ်မည်ဖြစ်သောကြောင့် ယခုတော့ ဘာမျှမတွေးဘဲ ရေဆော့ကာ ပြုံးပျော်နေကြလေသည်။

           ရေဆော့ရင်း သက်ထားခင် ပြုံးနေသည့်အပြုံး.....၊ထူးထူး သင်ထားခင်အားကြည့်နေသော နူးညံ့လှသည့်အကြည့်...... ကဗျာဆန်လွန်းပါပေသည်။
           

           စကားလေးရှိခဲ့ဖူးသည်လေ.. မိန်းကလေးတစ်ယောက်ချစ်မိသွားတဲ့ အချိန်အဲ့ဒီအချစ်တွေကို သူမရဲ့အပြုံးတွေမှာ မြင်ရပြီးတော့ ယောက်ျားလေးတစ်ယောက် ချစ်မိသွားတဲ့အချိန် သူ့ရဲ့အချစ်တွေကို မျက်လုံးတွေရဲ့ အကြည့်မှာ မြင်နေရတယ်တဲ့....။

          ထိုစကားလေးနှင့် အကိုက်ညီဆုံး လူနှစ်ဦးကိုပြပါဆိုလျှင် ထူးမြတ်ရောင်ခြည်ဆိုသည့် ကောင်လေးနှင့် သက်ထားခင်ဆိုသည့် ကောင်မလေးကိုသာပြရမည် ဖြစ်ပါပေလား။

My Red Flag HusbandWhere stories live. Discover now