ထူးမြတ်ရောင်ခြည် အိမ်သို့ပြန်ရောက်ချိန် ရပ်ထားသည့် ဒေါ်မေသီလှိုင်တို့၏ ကားအားတွေ့သောအခါ ပြုံးသည်ဆိုယုံ ပြုံးလိုက်ကာအိမ်ထဲသို့ အမြန်ဝင်သွားလိုက်သည်။
ဒေါ်မေခလာမြတ်သည် ထူးမြတ်ရောင်ခြည် ၏ကားရောက်လာသံကိုကြားကာ
“သမီး သက်ထားရေ သမီးကိုကို ပြန်ရောက်လာပြီ ထွက်ရင်ထွက်လိုက်ဦး”
“ဟုတ် အန်တီ သမီးသွားလိုက်ပါ့မယ်။”
ထို့နှင့် သက်ထားခင် အိမ်ကြီးရှေ့သို့ထွက်သွားကာ ထူးမြတ်ရောင်ခြည်အား ထွက်ကြိုလိုက်သည်။
ထူးမြတ်ရောင်ခြည် သည် သက်ထားခင်အားတွေ့သည်နှင့် ရင်တွေပန်းတွေတုံကာ အပျော်ကြီးပျော်သွားသော်လည်း မျက်နှာတွင်တော့မဖော်ပြပေ စိတ်ထဲကသာ။
ယခုလည်းသက်ထားခင်သည် ကချင်ဝမ်းဆက် အဖြူလေးနှင့် ပိန်းပါးသည့်ခန္ဓာကိုယ်နှင့်လိုက်ဖက်ကာ ကြည့်လို့အလွန်ကောင်းနေပါသည်။
“အိမ်ရောက်နေတာလား”
ထူးမြတ်သိရဲ့သားနဲ့ တမင်မေးလိုက်သည်။
“ဟုတ် အန်တီထမင်းစားဖိတ်လို့ပါ အစ်ကို”ထူးမြတ်နှင့် သက်ထားသည် 3 နှစ်ကွာသောကြောင့် သက်ထားခင်သည် အစ်ကိုဟုသာခေါ်သည်။
“အင်း... ဘာကိစ္စကြောင့်လည်း"
“ဟို.... ဟိုဟာ ဟိုဟာလေ အစ်ကိုမေးကြည့်လိုက်ပါ သက်သက်မပြောတတ်ဘူး”
“အင်း ဒါဆိုလည်းမေးကြည့်လိုက်မယ်ငါပဲ ရေကူးကန်ဘက်ခဏလိုက်ခဲ့ ငါအိမ်ထဲမဝင်ချင်သေးလို့”ထိုသို့ သော အချက်မျိုးပင် ကျွန်မအစ်ကို့ကို သဘောကျရသည့်အကြောင်းအရင်း မစွန့်လွတ်နိုင်သည့် အကြောင်းအရင်း။အစ်ကို သည်အခြားမိန်းကလေးများအား ထို့သို့တရင်းတနှီး မပြောနဲ့ ကြည့်တောင်မကြည့် သို့သော်ကျွန်မကို ဆိုလျှင် အမြဲအခွင့်အရေးပေးလေ့ရှိသည်။ထိုသို့အခွင့်အရေး ပေးခြင်းမှာ ကျွန်မအားသဘောကျသောကြောင့်လား ဆိုလျှင်လည်းမဟုတ်ပါ။ဘယ်လိုကြောင့်လည်းတော့မသိ မိဘခြင်းသိသောကြောင့်သာဖြစ်ပါလိမ့်မယ်။
YOU ARE READING
My Red Flag Husband
Short Story"ကိုယ့်လက် ကိုသာသေချာဆုပ်ကိုင်ထားလိုက် နွေးလည်းနွေးစေရမယ် အန္တာရာယ်လည်းကင်းပြီး ကမ္ဘာပေါ်မှာအပျော်အရွှင်ဆုံးမိန်းကလေးတစ်ဦး ဖြစ်ကိုဖြစ်စေရမယ်"