EP : 7

2K 31 0
                                    

သက်ထား၏ မိဘများသည် မနက်ဖြန်အတွက် အချိန်တို့ နေရာတို့အား ထူးမြတ်၏မိဘများနှင့် ဖုန်းပြောကာ တိုင်ပင်နေကြသည်။

" ဒါပေါ့ ကိုစိုးနောင် ဒါဆိုကျွန်တော်တို့ မနက်ဖြန်ညနေ 6 နာရီလောက်ဆုံကြတာပေါ့ နေရာကတော့ Ohshi Japan restaurant မှာဆုံရင်း သတင်းကောင်းလေး ပြောကြတာပေါ့"

သက်ထား၏ မိခင်သည် ဦးမောင်မောင်ကို သူ၏ယောက်ျား ဖုန်းပြောနေသည်ကို ဘေးမှ နားထောင်နေလေသည်။

နှစ်ဖက် မိဘများသည် ညနေ6နာရီ Ohshi Japan restaurant တွင်တွေ့ကြမည်ဟုသဘောတူလိုက်သည်။ထိုနောက် သက်ထား၏ ဖေဖေနှင့်မေမေသည် မနက်ဖြန် ညနေ ဝတ်ရန် ၊လက်ဆောင်ယူသွားရန် စီစဥ်ကြရတော့သည်။သက်ထားခင် အတွက်ဝတ်စားသွားရန်ကိုတော့ သက်ထားခင်ကိုယ်တိုင်ကိုသာ ရွေးချယ်ခိုင်းရန် စီစဥ်ထားကာ နေပြည်တော်၏ အကောင်းဆုံး ဒီဇိုင်နာ ၏ collection များ ဖြစ်သော Lady's power collection ဟူသည့် Dress shop မှ သက်ထားစိတ်တိုင်းကျ ရွေးချယ်ခိုင်းမည်ဖြစ်သည်။သက်ထား၏မေမေ သည်တော့ ကြာချည်ဇင်းမယ် အသားရောင်လေးအား ဇိန်သမာဓိ မှ ရွေးချယ်လိုက်သည်။ဦးမောင်မောင်ကို သည် တော့ Brand collection တစ်ခုမှ Black suit တစ်ထည်ကိုသာရိုးရှင်းစွာ ရွေးချယ်လိုက်သည်။

ထိုအချိန်တွင် သမက်လောင်းလေး၏ ကားသံ ကို ကြားလိုက်ရသည်။

🎀🎀🎀🎀🎀🎀🎀

"မင်းသားက ဟိုအိမ်ရောက်သွားပြီနော်"

"ဟုတ်တယ် သားလေးက လိမ္မာပြီးတော့ သက်ထားလေးကို ချစ်နေပါပြီ ဒါမဲ့ အစ်ကို့သားက သူချစ်နေမှန်း ပေးမသိဘူး"

"အင်း ကြာရင်တော့သူ့ လုပ်ရပ်ပေါ်မူတည်ပြီး တော့ သက်ထား သိသွားပါလိမ့်မယ်"

"အင်း ဘာဘဲဖြစ်ဖြစ်စိတ်ချမ်းသာတယ် အစ်ကိုရယ် စိတ်ချရတဲ့လူရဲ့လက်ထဲထည့်ပေးလိုက်ရတာကို"

"ကိုယ်ရောဘဲ"

ထို့နှင့် စကားပြောကြရင်းစိတ်ချမ်းသာသော အပြုံးကိုယ်စီနှင့်ပင်။

🎀🎀🎀🎀🎀🎀🎀

မနက်ဖြန် စေ့စပ်ကြောင်းလမ်းမည့် အတွက်ကြောင့် ထူးမြတ်သက်ထားအား စကားပြောချင်၍ သက်ထားရှိရာသို့လာလိုက်ချင်းပင်။

My Red Flag HusbandWhere stories live. Discover now