EP : 8

2.2K 39 4
                                    

   

            ယနေ့ သက်ထားခင် အိပ်ရာနိုး၍ မျက်လုံးဖွင့်ဖွင့်ချင်း စဥ်းစားမိသည်က အစ်ကိုပင်။အစ်ကိုနဲ့ ဒီနေ့ စေ့စပ်ကြောင်းလမ်းဖို့ မေမေတို့ဖေဖေတို့နဲ့ပါ တွေ့ရမယ်။အင်း .. ရှေ့လျှောက် အစ်ကို့ရဲ့ ဖြစ်တည်မှုတိုင်းကို လက်ခံနိုင်တဲ့ ဇနီးကောင်းတစ်ယောက် အဖြစ်ရပ်တည်သွားမယ်။အစ်ကိုလည်း ငါ့ကိုတစ်ဖြည်းဖြည်း ချစ်လာမယ်လို့မျှော်လင့်ပါတယ်။ထိုသို့သော အတွေးမျိုးစုံနှင့် မနက်ခင်းကိုစတင်ကာ အချိန်မစွဲစေ
ဘဲ အိပ်ရာမှ ထလိုက်တော့သည်။

             ယနေ့ ညနေအဝတ်အစားဝတ်ရန် သွားဝယ်ရမည်ဖြစ်၍ သက်ထားတစ်ယောက်စောစောထကာ ရေချိုး၍ အဆင်သင့်ပြင်လိုက်တော့သည်။ရေချိုးပြီး make up on ပြီးကာ သက်ထား အခန်းထဲမှထွက်လာလိုက်သည်။

             “ငါတို့ မိန်းကလေးတွေက အခန်းထဲမှာတော့ လေအေးပေးစက်နဲ့ ဆိုတော့ အဲ့ရှေ့က bang ကြီးချပြီး make up တေရှယ်ပြင် အေးပြီးလို့ အပြင်လည်း ထွက်လိုက်ရော မျက်ခွက်ကြီးဘဲကွက်ပူနေတာ အဲ့ bang ကလည်း မချလို့မရ”

            ရာသီဥတုပူသည်ကား သက်ထားအပြစ်တင်ပြောဆိုကာ ပွစိပွစိနှင့် ဧည့်ခန်းသို့ဆင်းလာလိုက်သည်။ ဧည့်ခန်းရောက်၍ မေမေတို့နှင့် ပူသည့်အကြောင်း ရယ်မောကာပြောနေချိန်တွင် ထူးမြတ်၏ကား အိမ်ရှေ့စင်ဝင်သို့ရောက်လာခဲ့သည်။ထို့နှင့်

             “ကားလာပြီ ဒါဆိုသမီးသွားဦးမယ်နော် ”

              သက်ထား၏ မိဘများအားအသိပေး၍ ကားရှိရာသို့ထွက်လာခဲ့လိုက်သည်။

             “အေး ဂရုစိုက်နော်”

              “ဟုတ်”

              ကားရှေ့ရောက်ချိန်တွင် ထူးမြတ်သည် ထုံးစံအတိုင်း ကားပေါ်မှ ဆင်းမလာပါ ။ ကားထဲကသာ စောင့်သည်။

             “ အခု ဘယ်ကိုတန်းသွားရမလဲ”

             “ဟုတ် သက်သက်အစ်ကို့ကို ပို့ထားတယ် ဆိုင်လိပ်စာလေ အဲ့ဒီကိုဘဲသွားမယ် အစ်ကို”

              “ဘာစား ပြီးပြီလဲ”

              “not yet”

My Red Flag HusbandWhere stories live. Discover now