ယနေ့ ....... သာယာလှသည့် Switzerland ဆိုသည့် နိုင်ငံလေးအားခွဲခွာရမည့် နေ့ပင်ဖြစ်သည်။သက်ထားနှင့်ထူးထူးတို့သည် Swit ၏အငွေ့အသက်များနှင့် ထိတွေ့ရင်းနှီးပြီးနောက် တွင်တော့ ကိုယ့်၏ မိခင်မြေအားပြန်ရန် အချိန်သို့ ရောက်လာတော့သည်။Swit မှ ပြန်ရတော့မည်ဖြစ်၍ စိတ်မကောင်းမိ၍ လွမ်းနေမိမည်ဖြစ်သော်လည်း ကိုယ့်၏လှပ တင့်တယ်အဖိုးတန်သော ရေမြေအား ပြန်ရောက်တော့မည်ဖြစ်၍ ဝမ်းသာမိပြန်ပါသည်။
ထူးထူး သက်ထားအားအိပ်ရာမှနှိုးလိုက်သည်။
“baby ရေထတော့လေ”
သက်ထား နှိုးလိုက်ချင်းတွင်တော့ ဟိုဖက်ဒီဖက်လှည့်ကာ လိမ္မာစွာထလာပါသည်။
“baby ကလိမ္မာတယ် ကဲ ဒါဆိုရေချိုးဖို့လုပ်တော့လေ ကိုယ် breakfast ပြင်ထားလိုက်မယ်”
“ဟုတ် ဟုတ်”
အိပ်ချင်မူးတူးနှင့် အိပ်ရာမှထကာ ညအိပ်ဂွမ်းဝမ်းဆက် ထဲတွင်နှစ်နေသော သက်ထားအား ထူးထူးအသည်းယားစွာ ကြည့်မိပြန်ပါသည်။
ဪ..... မြတ်နိုးရပါဘိ.....။
ထူးထူး စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်ကာ breakfast ပြင်ရန်သာ kitchen လေးထဲသို့သွားလိုက်သည်။
မိနစ်ဝက်မျှအကြာ သက်ထားရေချိုးပြင်ဆင်ပြီးလာ၍ kitchen ထဲသို့လာလိုက်သည်။ဝင်ဝင်လိုက်ချင်း စားပွဲပေါ်တွင်အဆင်သင့်တင်ပေးထားသော အနံ့မွှေး၍ ကြွပ်၍နေသည့် ပေါင်မုန့်မီးကင်လေးများရှိ၍ နွားနို့တစ်ခွက်ပါရှိသည်။
“ပြီးသွားပြီလား breakfast လာစားလိုက်baby ဒါပြီး၍ ကိုယ်ကပြင်ဆင်ပြီးပြီ အထုပ်အပိုးတွေလည်း ကားပေါ်တင်ပြီးပြီ တန်းပြီးတော့ airport သွားရုံပဲ”
“ဝါး တော်လိုက်တာ ကိုကိုကအကောင်းဆုံးပဲ”
သက်ထား လက်မလေးထောင်ကာ ချစ်စဖွယ်ပြောလိုက်သည်။ထူးထူးသည်တော့ ထုံးစံအတိုင်း ရယ်၍သာ…။
ထို့နောက် breakfast စားကြ၍ စားလို့အပြီးတွင်တော့ မေမေများနှင့် ဖေဖေများဆီကို ထွက်လာတော့မည်ဖြစ်ကြောင်း ဖုန်းဆက်ရန်ပြင်ကြသည်။
YOU ARE READING
My Red Flag Husband
Short Story"ကိုယ့်လက် ကိုသာသေချာဆုပ်ကိုင်ထားလိုက် နွေးလည်းနွေးစေရမယ် အန္တာရာယ်လည်းကင်းပြီး ကမ္ဘာပေါ်မှာအပျော်အရွှင်ဆုံးမိန်းကလေးတစ်ဦး ဖြစ်ကိုဖြစ်စေရမယ်"