Cossy အိမ်ကြီးတစ်လုံး၏ ကားရပ်နားသည့် နေရာတွင် ဧည့်သည်ကား နှစ်စီးရောက်လို့နေလေသည်။ထိုကားနှစ်စီးသည် အခြားသူများ၏ ကားမဟုတ်ပေ။ထူးထူးနှင့် သင်ထားတို့၏ မိဘများ စီးနှင်လာသော ကားများဖြစ်ကြလေသည်။ယနေ့သည် ထူးထူးတို့၏ စိတ်ကူးပုံဖော်ထားကြသော ငပလီကမ်းခြေ သို့သွားမည့်ခရီးအား အကောင်အထည် ဖော်ဖြစ်သော နေ့ဖြစ်သည်။ယနေ့အချိန်ကား မနက် 5 နာရီ ဖြစ်၍ သက်ထားခင်သည်တော့ အိပ်ချင်မူးတူး နှင့် အိပ်ရာမှထ၍ အဝတ်အစားလည်းကာ ညကတည်းက စီစဥ်ထားသော ခရီးဆောင်အိပ်များကို ကားပေါ်သို့ အိမ်တော်ထိန်းများအားတင်ခိုင်းနေသော ထူးထူးအား ငူငူကြီးထိုင်၍ ကြည့်နေမိသည်။
အင်း... ခရီးသွားမယ်ဆိုလို့သာ ထရတာပြီးတော့ သွားမဲ့ခရီးကလည်း ကိုယ်သွားချင်တဲ့ခရီးမို့သာ အဲ့လိုမဟုတ်ရင် သက်သက်တို့က ထချင်တာမဟုတ်ဘူး။ပြီးတော့ဒီနေ့ မေမေနဲ့ဖေဖေလည်း လာတယ်ဆိုတော့ထပြီး နိုးနိုးကြားကြားနေ နေရတာ အဲ့လိုမဟုတ်ရင်တော့....။
“သမီးရေ ခဏတော့ထဦးလေ ထိုင်မနေနဲ့ဦး ”
“ဟုတ် မေမေ”
ထို့ကြောင့် ခဏထကာ လေယာဉ်ကွင်းတွင် အေးနေမည်ဆိုး၍ အနွေးထည်လေး ထုပ်ဖို့ပြင်လိုက်ရသည်။သို့သော် လုပ်စရာတော့ မလိုတော့ပါ ကိုကိုသည် သူမအတွက် အနွေးထည် ထုပ်ပေးပြီးသားဖြစ်လေသည်။
ထို့နှင့် မေမေတို့ဖေဖေတို့နှင့် စကားပြောကာထွက်ရန်ကားစီသို့ သွားလိုက်တော့သည်။
“သမီးရေ ဂရုစိုက်နော် သားလည်းဂရုစိုက်”
“ဟုတ်ကဲ့ပါဗျ ဖေဖေတို့လည်း ဂရုစိုက်ပြီးနေခဲ့ကြပါနော်”
“ဟုတ် ဖေဖေနဲ့မေမေ ချစ်တယ်နော်”
သက်ထားနှင့်ထူးထူး မေမေနဲ့ဖေဖေ ပြောသမျှအား နာခံပြီးလျှင် သက်ထားသည် မေမေနဲ့ဖေဖေ အားချွဲကာ ဖက်၍ နှုတ်ဆက်နေပါသေးသည်။
“ကဲ ချွဲမနေနဲ့ သွားတော့ သားကစောင့်နေပြီ”
“ဟုတ် ဟုတ်”
YOU ARE READING
My Red Flag Husband
Short Story"ကိုယ့်လက် ကိုသာသေချာဆုပ်ကိုင်ထားလိုက် နွေးလည်းနွေးစေရမယ် အန္တာရာယ်လည်းကင်းပြီး ကမ္ဘာပေါ်မှာအပျော်အရွှင်ဆုံးမိန်းကလေးတစ်ဦး ဖြစ်ကိုဖြစ်စေရမယ်"