EP : 10

2.3K 28 2
                                    

         လေယာဉ်ကွင်းတွင် အတော်အတန်ကြာစောင့်ပြီးချိန် ထူးထူးတို့ Switzerland သို့သွားရန် ပို့ဆောင်ပေးမည့် လေယာဉ်သည် ဆိုက်ရောက်လာလေသည်။ထို့နှင့် လေယာဉ်ပေါ်နှစ်ယောက်အတူတပ်ကာ လက်မှတ်တွင်ထိုင်ရန် ပေးထားသော ခုံနံပတ်အားလိုက်လံ၍ ရှာအပြီးတွင် တွေ့လေသည်။ထူးထူးသည်အပြင်က ဖြစ်၍ သက်ထားသည်အထဲခုံက ဖြစ်သည်။လေယာဥ်ပေါ်ရောက်ပြီး များမကြာမီ လေယာဉ်မယ်မှ လေယာဉ်ထွက်ခွာရန်စက္ကန့်ပိုင်းမျှတွင် safety rules ဆိုင်ရာ အကြောင်းအရာများကို ပုံဖော်ပြသသည်။ထို့နောက် လေယာဉ်သည် စတင်၍ ထွက်ခွာခဲ့ကြကာ ရေမြေသစ်ဆီသို့ ချစ်ရသူနှင့် သွားလိုက်ကြတော့သည်။

 
            မြန်မာနိုင်ငံမှ အချိန်ကြာကြာ လေယာဥ်စီးအပြီးတွင် အေးချမ်းသာယာသော နိုင်ငံရပ်ခြား ဖြစ်သည့် Switzerland သို့ ရောက်ရှိလာလေတော့သည်...။

            “လိုက်ပါ စီးနှင်းလာကြပါသော ခရီးသည်များရှင် စိတ်ရောကိုယ်ပါအေးချမ်းပြီး ပျော်ရွှင်နိုင်ကြပါစေရှင် ကျေးဇူးတင်ပါတယ်ရှင်...”

             လေယာဉ်မယ်၏ နှုတ်ခွန်းဆက်စကားအပြီးတွင် အားလုံးအသီးသီး ထကြကာ လေယာဉ်ပေါ်မှ ဆင်းကြသည်။

             လေယာဉ်ပေါ်မှ ဆင်းလိုက်ချိန်တွင် မျက်နှာလေးကို အေးခနဲဖြစ်လိုက်ရသည်ကိုတော့ဝန်ခံရမည်။ချက်ချင်းဆိုသလို ဘေးမှကိုကိုကလည်း သူမ၏လက်ကိုဆုပ်ကိုင်လိုက်သည်။

            “အေးတယ်မလား ”

            “ဟုတ်”

             “ကိုယ့် လက်ကိုသာသေချာဆုပ်ကိုင်ထားလိုက် နွေးလည်းနွေးစေရမယ် အန္တာရာယ်လည်းကင်းပြီး ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးမိန်းကလေးတစ်ဦး ဖြစ်ကိုဖြစ်စေရမယ်”

            “ကဲ ဒီလိုဆိုတော့လည်း ယုံလိုက်ရတော့မှာပေါ့”

            ထူးမြတ်နှင့်သက်ထား စိတ်လိုလက်ရပြုံးလိုက်ကြကာ လေဆိပ်ထဲဝင်သွားကြသည်။ထူးထူးသည်လည်း သက်ထားအပေါ် အလွန်မြတ်နိုးလာသလို သက်ထားသည်လည်း ထူးထူးအပေါ်မြတ်နိုးလာသည်ဆိုသည်ကိုတော့ အားလုံးသိပြီးဖြစ်ပါလိမ့်မည်။

My Red Flag HusbandWhere stories live. Discover now