Part : 1

4.2K 257 14
                                    

ငါနဲ့ယှဉ်ရင် သေးငယ်လွန်းတဲ့ လက်ကလေးတွေရဲ့ပိုင်ရှင် ..

မနက်ခင်းရဲ့ အလင်းရောင်က ပြတင်းပေါက်တွေမှ တစ်ဆင့် အိမ်အတွင်းထဲထိ လင်းဖြာလို့နေသည်။ လေအဝေ့မှာ ရရှိလာသည့် နံနက်ခင်းရဲ့ ရနံ့တွေမှာ မွေးကြိုင်နေတဲ့ ပန်းရနံ့ကလေးကလည်း ကပ်ပါလာခဲ့လေ၏။

ပိတောက်ပန်းတွေက ဒီလောက် ခပ်စောစောပွင့်နေကြပြီလား။

မနေ့ညက တဖြောက်ဖြောက်ကျသွားတဲ့ မိုးဖွဲဖွဲကြောင့် ဖူးသစ်စ ပိတောက်ဖူးကလေးတွေဟာ ရနံ့ပေးပြီး နှစ်သစ်ကို စောစီးစွာကြိုဆိုနေကြသလိုမျိုး။

လွမ်းနွေ အိပ်ရာပေါ်မှ ကုန်းရုန်းထလိုက်ကာ ပြတင်းပေါက်မှတစ်ဆင့် ခြံရှေ့မှ ပိတောက်ပင်အိုကြီးကို လှမ်းကြည့်မိလိုက်သည်။ တစ်ပင်လုံး ကြိုင်အောင်ပွင့်နေကြတဲ့ ပိတောက်ပန်းတွေကြောင့် သူအလိုလိုပြုံးမိသွား၏။

ရင်ထဲမှာ အေးချမ်းသွားစေသည့် အနှစ်သာရကိုပေးစွမ်းနိုင်ပါသော သဘာဝတရားကြီးရဲ့ လက်ဆောင်လို့ပင် ခေါ်ဆိုနိုင်လေသည်။

လွမ်းနွေ အခန်းထဲမှထွက်ကာ နောက်ဖေးမီးဖိုချောင်ထဲရှိ မိခင်ဖြစ်သူထံသို့ မပြေးရုံတမယ်ရောက်သွားချေ၏။

"မေမေရေ .. ပိတောက်ပန်းတွေပွင့်နေတာပဲ"

အိမ်အနောက် မီးဖိုချောင်တွင် ငရုပ်သီးထောင်း​နေသည့် လွမ်းနွေ၏ မိခင် ဒေါ်ပပသင်းက သားဖြစ်သူကို ပြုံးရယ်လျက်လှမ်းကြည့်ရင်း ..

"သိပါ့တော် .. အစောကြီး ပွင့်နေလို့လေ ထူးထူးဆန်းဆန်း"

မနှစ်ကထက် စောလွန်းနေသည့် ပိတောက်ပွင့်ချိန်ဟာ သည်နှစ်အတွက်တော့ ချိုမြိန်ခြင်းတွေ စောစီးစွာရောက်ရှိလာခြင်းပေ။

"အပွင့်စောတော့လည်း ရင်ထဲ စောအေးရတာပေါ့ မေမေ"

လွမ်းနွေ ထမင်းစား စားပွဲခုံကို ဟိုလှန်သည်လောလုပ်လိုက်တော့ လက်ဖက်ရည်နဲ့ အီကြာကွေးနှစ်ချောင်းက မနက်စာအဖြစ်အသင့်ရှိနေသည်။

"သားနွေ .. မုန့်ဟင်းခါးစားချင်ရင် အန်တီမာကြီးဆီမှာ ကျန်အုံးမယ် သွားဝယ်မလား သား"

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now