Part : 6

2K 158 18
                                    

ငါ့ရဲ့ ရှက်တတ်တဲ့ ကိုကိုခရမ်းချဉ်သီးလေးကို သူများတွေမမြင်အောင် ဖွက်ထားချင်လိုက်တာ

သစ်ပုပ်ပင်အောက်မှာ နေရာမပြောင်းဘဲ ရပ်နေဆဲကောင်ကလေးကို လွမ်းနွေ လှမ်းကြည့်လိုက်မိသည်။

ဒီကောင်လေးဟာ အခုအသက်အရွယ်လေးက ကလေးလေးပဲ ရှိသေးသည်မဟုတ်လား။ လွမ်းနွေတို့ ငယ်စဉ်ကဆို အသက်တစ်ဆယ့်ရှစ်နှစ်မှာ သူငယ်ချင်းတွေနှင့် ဆော့ကစားလို့ကောင်းနေတုန်းပင်။

လူမျိုးခြားဖြစ်လို့ပဲလား ခံယူချက်တွေမတူလို့ပဲလားဆိုတာကတော့ စဉ်းစားစရာ..။ တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးတာနှင့် လုပ်ချင်ရာလုပ်လို့ရတယ်များ ဒီကလေးလေးက တွေးနေလေသလားမသိ။

သို့သော်လည်း မဖြစ်သင့်တာတွေမဖြစ်အောင်တော့ လွမ်းနွေက ထိန်းပေးဖို့တွေးပြီးသားဖြစ်သည်။ အန်တီမြစိန်တို့ဆိုတာကလည်း ဒီမိသားစုကို ယုံကြည်လို့ ဒီလောက် ကလေးငယ်လေးကို လွှတ်လိုက်တာပဲမဟုတ်လား။

လွမ်းနွေဟာ သူတို့နှစ်ဦးကြား ကန့်သတ်ချက်တွေက ဘယ်လောက်များများထပ်ရှိသေးသလဲဆိုတာ မစဉ်းစားတတ်တော့ပေ။

"ပျင်းနေပြီလား"

သူ့ အသံကြားကာမှ လည်ပြန်လှည့်ကြည့်လာသည့် ထိုကောင်လေးဟာ စိတ်ကောက်လျက်သား ပုံစံလေးနှင့်။ လွမ်းနွေက မရယ်မိအောင်ထိန်းထားလိုက်ရင်း ..

"ဘာရုပ်လဲ မင်းက"

"ငါ စဉ်းစားလို့မရဘူး .. ဘာလို့ ငါက ကိုကို့ညီလေး ဖြစ်ရမှာလဲ၊ ငါက ကိုကို့ညီလေးမဟုတ်ဘူး"

ရယ်ချင်စိတ်ကိုထိန်းမရတော့သော လွမ်းနွေမှာ ဟက်ခနဲ တစ်ချက်ရယ်မိတော့သည်။ ဒီကောင်လေးဟာ အခုထိတိုင် အခဲမကြေပုံရ၏။

လွမ်းနွေရဲ့ သွားချွန်ချွန်လေးတွေပေါ်လာတဲ့အခါမှာတော့ အန်ဒရီ့ရဲ့ မျက်ဝန်းတွေက လင်းလက်သွားခဲ့လေတော့၏။ အန်ဒရီ့ရဲ့ ပြောင်းလဲသွားတဲ့ မျက်ဝန်းတွေဟာ ရွှန်းရွှန်းစားစား။

"အာ .. ငါသိပါတယ် ဒါက ဥပမာ ပြောတာပဲလေ"

အန်ဒရီက သူ့ကို ထပ်ပြီးစချင်လာသည်။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now