Part : 4

1.7K 171 15
                                    

ငါ့ရဲ့ ပထမဆုံး အကြောင်းပြချက်တိုင်းက ခင်ဗျားပါပဲ ကိုကို ..

ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ ကလူ၏ မြူ၏ တွေကို ရင်မဆိုင်ရဲသည့် လွမ်းနွေမှာ ကိုယ့်ကိုယ်ကိုယ် အံ့ဩ၍ မဆုံးနိုင်။

စစရောက်ချင်းနေ့မှာတင် လွမ်းနွေမှာ ထိုကောင်လေးနှင့် ရင်မဆိုင်ရဲတာကြောင့် ရှောင်ပုန်းနေရသည်တဲ့။ ဒါဟာ ဖြစ်သင့်သလား။

လွမ်းနွေတစ်ယောက် တံခါးပိတ် ရှောင်ပြေးနေစဉ်အတောအတွင်းမှာပဲ "ပပ နှင့် အန်ဒရီ" အဖြစ်သို့ တစ်ရင်းတစ်နှီးရောက်ရှိသွားကြသူများကို တွေ့ရတော့လည်း အံ့ဩဘနန်း ဖြစ်ရသေးသည်။

"သားနွေ .. စားတော့မလား"

ထမင်းစားဝိုင်းမှာ ပွဲကျနေကြတဲ့ နှစ်ယောက်ကို လွမ်းနွေ မျက်မှောင်ကြုတ်ရင်းကြည့်မိလိုက်သည်။

နိုင်ငံခြားသားများကို ဂိုက်လုပ်ခဲ့သူပီပီ မေမေနဲ့ အန်ဒရီ လေပေးဖြောင့်နေတာက အံ့ဩစရာတော့မရှိ။

"သားနွေ အကြောင်းတွေကို အန်ဒရီလေးက သိနေတာပဲ .. အန်တီမြစိန် ပြောပြထားတာတဲ့။ ဟုတ်ပါတယ်လေ အစ်မကြီးက အဲ့အချိန်တွေမှာ သားနွေကို ဘယ်လောက်တောင် ချစ်လိုက်သလဲလို့နော်"

လိမ်မာရေးခြားရှိကာ လူကြီးမိဘများ၏ စကားကို နားထောင်တတ်ပြီး၊ အေးအေးချမ်းချမ်းလေး နေထိုင်တတ်ကာ စကားအရာမှာလည်း တအားကို သာယာနာပျော်ဖွယ်ကောင်းပါတဲ့ စကားလေးတွေကိုသာ ဆိုလေ့ရှိတာကြောင့် လွမ်းနွေငယ်စဉ်က သူတို့ရပ်ကွက်၏ အသည်းကျော်ပဲလှော်လေးဖြစ်ခဲ့လေ၏။

ဒီကလေးလေးဟာ သိပ်အေးတာပဲ၊ သူ့မိခင်က အသင်အပြကောင်းလိုက်တာ၊ လူကြီးမိဘတွေကိုလည်း ရိုသေတတ်တာမှ စသဖြင့် ဘွဲ့တွေ တသီကြီး ရရှိထားသူလည်းဖြစ်၏။

" ပပ တစ်ခုရှိသေးတယ် .. "

"ဘာများလဲ အန်ဒရီလေးရဲ့"

မိခင်ဖြစ်သူဟာ မိမိအား ပပ ဟု နာမည်တပ်ခေါ်နေခြင်းကိုလည်း မပြင်ပေး၊ သဘောအကျကြီးတောင်ကျနေလိုက်သေးသည်။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now