Part : 8

1.2K 128 12
                                    

ငါ ကတိပေးတယ်၊ ငါ့ တစ်ဘဝလုံး ကိုကို့ကို ဘယ်တော့မှ စိတ်မကောက်တော့ဘူး ..

အန်ဒရီက လွမ်းနွေ အိမ်ရှေ့မှာ ရှိနေလျှင် နောက်ဖေးသို့ဝင်သွားသည်၊ လွမ်းနွေ အိမ်နောက်မှာ ရှိနေလျှင် အိမ်ရှေ့မှာနေသည်၊ လွမ်းနွေ စကားပြောဟန်ပြင်ပြန်တော့လည်း သိိသိသာသာပဲ ရှောင်ထွက်သွားသည်။

ဒါတွေဟာ လွန်ခဲ့သောရက် လွမ်းနွေ အန်ဒရီ့ကို စက်ဘီးနဲ့မို့ အပြင်မခေါ်သွားခဲ့တဲ့ ရက်ကတည်းက ဖြစ်၏။ သို့သော်လည်း အဲ့နေ့က အကောင်းပဲမဟုတ်လား .. သူ့ကို တာ့တာတောင် လှမ်းပြနေခဲ့သည်လေ။

ဒါဆို .. ဒီကောင်လေးက ဘာကို စိတ်ဆိုးနေတာလဲ ..

"သားနွေ .. အန်ဒရီနဲ့ ရန်ဖြစ်ထားတာလားကွယ် ကလေးကို ဘာတွေပြောလိုက်ပြန်လဲ၊ နက်ဖြန်ပဲ င်္သကြန်ကျတော့မှာကို"

"ရန်ဖြစ်ထားတာ မဟုတ်ဘူးမေမေ .. အဲ့ကလေး ဘာဖြစ်နေမှန်း ကျွန်တော်လည်း မသိဘူး"

"အိမ်ကိုလွမ်းလို့များလား"

ဒေါ်ပပသင်းက တွေးတွေးဆဆဖြင့် ပြော၏။ ဖြစ်နိုင်ပါသည် .. ဘယ်လိုပဲ လူကြီးလေးလိုပြုမူနေပါစေ ကလေးက ကလေးပဲ မဟုတ်လား။

ပြောတော့ဖြင့် ခြောက်လ၊တစ်နှစ် နေမယ်ဆိုပြီး အခု တစ်လတောင်မပြည့်သေးဘူး ဆရာသမားက အိမ်ပြန်ချင်နေပြီထင်၏။

"မေမေ မေးကြည့်ပါလား .. မေမေနဲ့ရော စကားအကောင်းပြောလား"

"မေမေနဲ့က အေးဆေးပဲလေ .. အဲ့တာကြောင့် သားနွေကိုမေးတာ အိမ်မှာရှိတာဖြင့် သုံးယောက်ကွယ် အဲ့လိုကြီးမနေကြပါနဲ့ တကယ်ပဲ .. ကလေးကို တစ်ခါတလေတော့လည်း အလျှော့ပေးရတယ် သားနွေရဲ့"

"ရော် .. မေမေကတော့ခက်ပြီ"

ထိုအချိန်မှာပဲ မနက်စာစားရန် အခန်းထဲမှ ထွက်လာသည့် အန်ဒရီက အိမ်နောက်ဖေးအခန်းသို့ ဆက်လာမလို၊ ပြန်သွားတော့မလို ပြင်နေတာကြောင့် အဆိုးလေးကို လွမ်းနွေကပဲ ရှောင်ပေးခဲ့လိုက်တော့သည်။

"ကျွန်တော်ပြီးပြီ မေမေ .. ကျောင်းက ခိုင်းထားတာလေးရှိလို့ ခဏလုပ်လိုက်အုံးမယ်"

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now