Part : 11

1K 114 6
                                    

နှစ်ဆန်းတစ်ရက်နေ့မှာ ပြုလုပ်တဲ့အရာတွေက တစ်နှစ်ပတ်လုံးစာတဲ့ ကိုကို ငါ့ကို စိတ်မဆိုးပါနဲ့တော့ ..

မနက်ခင်းရောက်မှ အိပ်ပျော်သွားခဲ့တဲ့ လွမ်းနွေက အိပ်ရာနိုးတဲ့အခါ မွန်းတည့်ချိန်တောင်ရောက်တော့မည်ဖြစ်သည်။ ဒါတောင် သိပ်ပြီးတော့ အိပ်ရေးမဝချင်သေး။

"မေမေ .. ဟိုကလေးရော အပြင်ပါသွားလား"

လွမ်းနွေ နိုးလာသည်နှင့် မိခင်ဖြစ်သူအား မေးနေကျမေးခွန်းမှာ ထိုသို့ဖြစ်နေခြင်းသည် အန်ဒရီ သူတို့အိမ် စရောက်ကတည်းကသာဖြစ်၏။ ယခင်ကဆို .. "မနက်စာ ဘာရှိလဲမေမေ" ဆိုသည့်နေရာကို အခုတော့ ဂျစ်ပွေးကောင်ကိုရှာရတာ အစားထိုးသွားလေပြီ။

"သားနွေ မလိုက်လို့ မလိုက်သွားတော့ဘူးတဲ့ .. သားသူငယ်ချင်းတွေလာတော့ သူ ကောင်းကောင်းမွန်မွန်ပဲ ထွက်ပြောပြီး အခန်းထဲပြန်ဝင်သွားလေရဲ့"

လွမ်းနွေရဲ့ မျက်မှောင်တွေဟာ ပိုလို့ကြုတ်သွားရပြီး မရွှင်လန်းနိုင်တော့ဘဲ ထိုကောင်လေးကို ပိုလို့တောင် အားနာမိသွားတော့သည်။ ဒါတွေအားလုံးက သူလူကြီးမဆန်လို့ ဖြစ်ရတဲ့ ကိစ္စတွေ။

"မေမေ .. ကျွန်တော့်ကို ကော််ဖီပဲ ပေးတော့"

"ကော်ဖီဆို စားပွဲပေါ်မှာ အန်ဒရီလေးက သားအတွက် ဖျော်ပေးထားသေးတယ်၊ အေးပြီလားမသိဘူး မေမေသွန်ပြီး အသစ်ဖျော်ပေးရမလား"

"ရတယ် မေမေ ၊ ဒါပဲသောက်လိုက်တော့မယ်"

လွမ်းနွေက အေးစက်စက် ကော်ဖီတွေကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။ ရေများကာ ခါးသက်နေသည့် အရသာကြောင့် ပြုံးမိသွားသေး၏။

"မကောင်းဘူးမလား .. မေမေ ဖျော်ပေးမယ်ပြောတာကို ကိုကို့အတွက်ဆိုပြီး အတင်းဝင်ဖျော်သွားလေရဲ့ .. မနက်ကလည်း မေမေ့ကို ကူလုပ်ပေးနေတာ ခုဏကမှ အိပ်ချင်လို့ဆိုပြီး အခန်းထဲဝင်သွားတယ်"

"ကောင်းပါတယ် မေမေရဲ့ နည်းနည်းတော့ ရေများတာပေါ့"

သူတို့ သားအမိနှစ်ယောက်လုံး အန်ဒရီ့ကို ချစ်စနိုးနှင့် ရယ်မိလိုက်ကြ၏။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now