Part : 5

1.8K 149 15
                                    

ကိုကိုပြောတဲ့ ညီလေးဆိုတဲ့စကားကို ငါနားမလည်ဘူး။ ငါတို့က သူစိမ်းတွေလေ..

"သားနွေရေ .. ဒီနေ့ ကျောင်းကိုခဏသွားရမယ့်နေ့မဟုတ်လား .. အန်ဒရီလေးကိုပါ ခေါ်သွားပေးလိုက်ပါသားရယ် အိမ်မှာ မေမေနဲ့နှစ်ယောက်တည်းဆို ပျင်းနေမှာစိုးလို့" ဆိုတဲ့ မိခင်ဖြစ်သူရဲ့ အမှာစကားနောက်မှာတော့ ရန်ကုန်တက္ကသိုလ်ဆီသို့ သူနှင့်နှစ်ယောက်အတူ သွားဖို့ဖြစ်လာခဲ့ပါတော့သည်။

မနက်ခင်းစောစောမှာပင် အိမ်မှထွက်လာခဲ့တာဖြစ်သည့်အတွက် အနည်းငယ် အေးစက်စက်ခံစားချက်လေးနဲ့အတူ အမြဲတစ်ယောက်တည်းလျှောက်ခဲ့ဖူးသည့် လမ်းတွေဟာ အခုတော့ နှစ်ယောက်အတူ။

တူညီစွာလျှောက်လှမ်းနေကြတဲ့ ကတ္တရာပေါ်က ခြေလှမ်းတွေကိုသာ လွမ်းနွေက အာရုံထားနေမိ၏။ ကွင်းထိုးဖိနပ်မှ ထိုးထွက်နေသည့် ခြေချောင်းနီနီရဲရဲတွေကို လွမ်းနွေက အကြည့်ပို့ထားမိသည်။ ဒီကောင်ကလေးဟာ ကလေးပေါက်စ နီတာရဲလေးနှင့်တူ၏။

"ဒါဆို ကိုကိုက အခုငါတို့သွားမယ့်ကျောင်းမှာ တက်ခဲ့တာပေါ့"

"ဟုတ်တယ်"

"အခုက ကျောင်းပိတ်ထားတာလား"

"အင်း"

"ဒါဆို လူရှင်းနေမှာပေါ့"

"အင်း"

"ငါကရော ဒီလိုဝတ်စုံတွေမဝတ်လည်းရရဲ့လား"

"ရတယ်"

ဒီကောင်ကလေးက စကားအရမ်းများလွန်းသည်။ တစ်လမ်းလုံး ဘေးမှ တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုးပြောလွန်းသည်။ မသိတာများကို လက်ညှိုးတစ်ထိုးထိုးနှင့်လည်း မေးတတ်သေး၏။

"ကားစီးရင်တော့ မင်းတိုးတိုးနေမှ ဖြစ်မယ်နော် အန်ဒရီ .. တကယ်လို့ အရမ်းအရေးကြီးပြီး စကားပြောမှ ဖြစ်မှာဆိုရင်လည်း နား၊နားကပ်ပြီး ခပ်တိုးတိုးပဲပြော"

"ရက်စ် ကိုကို၊ ငါသိပါတယ်"

ဘတ်စ်ကားရောက်သည်နှင့် ပြေးတက်ရတော့ အနောက်မှ သူ့လက်ကိုလှမ်းဆွဲလို့ ထပ်ကြပ်မခွါလိုက်လာ၏။ ခုံနေရာမရကာ အနည်းငယ်ကျပ်သည့် ကားပေါ်မှာ မျက်နှာကလေးရှုံ့နေတဲ့ ရုပ်ကလေးကို ​လွမ်းနွေက အသည်းတယားယားနှင့် သနားလည်း သနားသည်၊ ရယ်လည်းရယ်ချင်သည်။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now