Andrea Maristelleo

536 67 11
                                    

"သားငယ်ရဲ့ ကိုကိုတောင် အိမ်ထောင်ပြုတော့မယ်တဲ့လေ နောက်နှစ် ဧပြီတဲ့"

လေလှိုင်းထဲမှ ပပရဲ့ စကားသံဟာ အန်ဒရီ့ရဲ့ နားထဲကို ခါးသီးစွာနှင့် နာကျင်မှုအပြည့်ဖြင့် ဝင်ရောက်သွားလေတော့သည်။ လက်ထဲမှာရှိနေသည့် ဖုန်းဟာ သူ့လက်ထဲမှ အောက်ကြမ်းပြင်သို့ ဘယ်အချိန်ကတည်းက ကျသွားခဲ့သလဲ သူမသိတော့ပေ။

အောက်ဆီဂျင်က အဆုတ်ထိရောက်ဖို့ ကိုယ်တွင်းအင်္ဂါတွေဟာ ပုံမှန်အလုပ်မလုပ်နိုင်တော့သလိုမျိုး ရင်ထဲပြည့်ကျပ်ကာ အသက်ရှူရခက်လာသည့် အခြေအနေထိ။ သွေးကြောတွေကပြောင်းပြန်စီးဆင်းနေသလို .. မူမမှန်တော့သည့် ခံစားချက်ကြောင့် ထိုနေရာမှာတင် အချိန်ကြာမြင့်စွာ ထိုင်နေခဲ့သည်။

ဗလာဖြစ်သွားသည့် ဦးနှောက်သေးသေးလေးဟာ ဘာတွေများထပ်တွေးနိုင်တော့မှာတဲ့လဲ။ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ လူတစ်ယောက်နှင့်ပတ်သက်၍ သူ၏အနာဂတ်ကြီးတစ်ခုလုံးကို တိတ်တိတ်ကလေးပုံဖော်ထားခဲ့သည်မဟုတ်လား။

ချစ်ရသည့်လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်၊ မျှော်လင့်ချက်တွေအားလုံး ရိုက်ချိုးခံလိုက်ရသည့် ခံစားချက်၊ အနာဂတ်တစ်ခုလုံးက ဝေဝါးသွားသလို ခံစားချက်သည် အရာအားလုံးထက် ခံစားရခက်ခဲ့သည်။

အတူရှိနေရမည့် အချိန်များကို ကြိုတင် ပုံဖော်စိတ်ကူးယဉ်လို့ အလွမ်းတွေ ထုတ်သိမ်းရင်း လက်ရှိကို ပင်ပန်းခက်ခဲစွာနှင့် ရှေ့ဆက်နေခဲ့ပေမဲ့လည်း တိခနဲဖြတ်ချလိုက်သည့် သတင်းစကားတစ်ခုကြောင့် သူဟာ အလဲလဲအပြိုပြို။

ရက်စက်သွားသည့်လူတစ်ယောက်အား မညှာမတာ လှည့်စားရက်တာရယ်လို့လည်း သူမတွေးချင်ပါ။

" အန်ဒရီ .. အဆင်ပြေရဲ့လား ဘာလို့လဲ"

အိမ်စောင့်ဦးလေးကြီးမားစ်ရဲ့ လှုပ်နိုးမှုနှင့် အန်ဒရီက စိတ်နှင့်ခန္ဓာကပ်လာခဲ့သည်။ မားစ်ရဲ့ လက်ထဲမှာ စာတစ်စောင်။ မားစ်က ထပ်မံပြောကြားနေသည့်စကားတွေကိုလည်း ဆက်သွယ်မှု ပြတ်သွားသလို သူမကြားနိုင်တော့။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now